Posts

Studying the Verbs - Day (8)

Image
  ဒီနေ့ verb type (6) အကြောင်းပြောပြပါမယ်။ verb type (6) ကကျန်တဲ့ verb တွေထက်စာရင် အသုံးနည်းပါတယ်။ verb type 6 က verb တွေကို ဘာသာပြန်လိုက်ရင် to become old, to become warm ဒီလိုအဓိပ္ပာယ်ရပါတယ်။ ပြောရရင် to become adj အဲ့လိုအဓိပ္ပာယ်ရတဲ့ verb တွေပါ။ ( adj ကနေ verb ပြောင်းထားတဲ့ verb ) Verb Type 6 က -eta/-etä. နဲ့ဆုံးပါတယ်။ verb တွေကိုပြောင်းတဲ့အခါ အရင်ဆုံး indefinite stem ပြောင်းမယ်။ ပြောင်းပြီးသားကိုပဲ personal pernoun ထည့်ရပါတယ်။ Verb Type (6) ပြောင်းနည်း - -eta/-etä အဆုံးတွေမှာ -ta/tä ကိုဖြုတ်ပါတယ်။ -ဖြုတ်ပြီးရင် -ne- ဆိုပြီး ပေါင်းထည့်ရပါတယ်။ - -ne- ရဲ့နောက်ကနေ ကိုယ်ထည့်မယ့် personal ending ကို ထည့်ရုံပါပဲ။ Vanheta - to become old indefinite Stem ပြောင်းမယ် Vanheta မှာ -taကိုဖြုတ်တော့ vanhe- -ne- ထည့်မယ်ဆိုရင် vanhene နောက်ဆုံးမှာ ကိုယ်ထည့်ချင်တဲ့ personal pronoun endingကို အောက်ကရေးပြထားတဲ့အတိုင်း ထည့်ရုံပါပဲ။ Minä vanhenen Sinä vanhenet Me vanhenemme Te vanhenette Hän vanhenee He vanhenevat #learnfinnish #suomi #finland #finnish  

Studying the verbs - Day (7)

Image
 Studying the verbs - Day (7) ဒီနေ့ verb type (5) အကြောင်းပြောပြပါမယ်။ verb type (5) ကကျန်တဲ့ verb တွေထက်စာရင် အသုံးနည်းပါတယ်။ verb ကိုလေ့ကျင့်တဲ့အခါ Minä, sinä, hän, me, te, he အကုန်လုံးနဲ့ သုံးတတ်ရပါမယ်။ personal endingတွေကိုလည်း သိထားရပါမယ်။ minä ဆိုတာနဲ့ n ဆုံးတယ်ဆိုတာ ချက်ချင်းမှတ်ထားရပါမယ်။ Verb Type 5က -ita/-itä. နဲ့ဆုံးပါတယ်။ verb တွေကိုပြောင်းတဲ့အခါ အရင်ဆုံး indefinite stem ပြောင်းမယ်။ ပြောင်းပြီးသားကိုပဲ personal pernoun ထည့်ရပါတယ်။ Verb Type (4) ပြောင်းနည်း - -ita/-itä. အဆုံးတွေမှာ -ita/-itä. အကုန်လုံးဖြုတ်ပါတယ်။ -ဖြုတ်ပြီးရင် -itse- ဆိုပြီး ပေါင်းထည့်ရပါတယ်။ - -itse- ရဲ့နောက်ကနေ ကိုယ်ထည့်မယ့် personal ending ကို ထည့်ရုံပါပဲ။ Tarvita - to need indefinite Stem ပြောင်းမယ် Tarvita မှာ -ita ကိုဖြုတ်တော့ tarv- -its- ထည့်မယ်ဆိုရင် tarvitse နောက်ဆုံးမှာ ကိုယ်ထည့်ချင်တဲ့ personal pronoun endingကို အောက်ကရေးပြထားတဲ့အတိုင်း ထည့်ရုံပါပဲ။ Minä tarvitsen Sinä tarvitset Me tarvitsemme Te tarvitsette Hän tarvitsee He tarvitsevat ကဲ ဒါကတော့ verb type 5 ဘယ်လိုပြောင်းလဲဆိုတာကို ပြောပြသွား...

Studying the verbs - Day (6)

Image
 Studying the verbs - Day (6) ဒီနေ့ verb type (4) အကြောင်းပြောပြပါမယ်။  Verb Type 4 က -ata/-ätä, -ota/-ötä, -uta/-ytä. နဲ့ဆုံးပါတယ်။ verb တွေကိုပြောင်းတဲ့အခါ အရင်ဆုံး indefinite stem ပြောင်းမယ်။ ပြောင်းပြီးသားကိုပဲ personal pernoun ထည့်ရပါတယ်။ Verb Type (4) ပြောင်းနည်း - -ata/-ätä, -ota/-ötä, -uta/-ytä အဆုံးတွေမှာ အလယ်က t ကိုဖြုတ်ပါတယ်။ -ဖြုတ်ပြီးရင် aa/-ää, -oa/-öä, -ua/-yä ဆိုပြီး ဒီလိုဖြစ်ပါတယ်။ - hän နဲ့တွဲတဲ့အခါ aa/-ää ကလွဲပြီး ကျန်တာတွေမှာ -a နောက်တစ်လုံးထပ်ထည့်ပေးရပါမယ်။ aa/-ää မှာကျ a ကနှစ်လုံးဖြစ်ပြီးသားမို့ ထပ်မထည့်ရတော့တာပါ။ (e.g. hän halua+a ဆိုရင် မှန်ပါတယ်, ဒါပေမဲ့ hän osaa+a ဆိုပြီး ရေးလို့မရပါ။) Haluta - want indefinite Stem ပြောင်းမယ် Haluta မှာ -t ကိုဖြုတ်တော့ halua လိုချင်တဲ့ personal pronoun endingကို အောက်ကရေးပြထားတဲ့အတိုင်း ထည့်ရုံပါပဲ။ Minä haluan Sinä haluat Me haluamme Te haluatte Hän haluaa He haluavat ဒါကတော့ verb type 4 ဘယ်လိုပြောင်းလဲဆိုတာကို ပြောပြသွားတာပါ။  #learnfinnish #suomi #finland #finnish

Studying the verbs - Day (5)

Image
  Studying the verbs - Day (5) website link -  ဒီနေ့ verb type (3) အကြောင်းပြောပြပါမယ်။ Verb Type 3 က lla/-llä, -nna/-nnä, -rra/-rrä, -sta/-stä နဲ့ဆုံးပါတယ်။ အရင်ဆုံး indefinite stem ပြောင်းမယ်။ ပြောင်းပြီးသားကိုပဲ personal pernoun ထည့်မယ်။ Verb Type (3) ပြောင်းနည်း -verb အဆုံးမှာရှိတဲ့ -la/-lä, -na/-nä, -ra/-rä, or -ta/-tä. တွေကိုဖြုတ်ရပါမယ် - e ထည့်မယ် (ဒါက Verb Type 3 ရဲ့ ထူးခြားချက်ပါ ) -မိမိသုံးမယ့် personal pronoun ရဲ့ ending ထည့်ရပါမယ်။ eg, minä ဆိုရင် n ထည့်ရပါမယ်။ Eg နဲ့ရေးကြည့်ရအောင်။ Opiskella - study အရင်ဆုံး indefinite Stem ပြောင်းမယ် Opiskella မှာအဆုံးသတ် -la ကိုဖြုတ်တော့ opiskel -e ပေါင်းထည့်တော့ opiskele ပြီးရင် လိုချင်တဲ့ personal pronoun endingကို အောက်ကရေးပြထားတဲ့အတိုင်း ထည့်ရုံပါပဲ။ Minä opiskelen Sinä opiskelet Me opiskelemme Te opiskelette Hän opiskelee He opiskelevat ကဲ ဒါကတော့ verb type 3 ဘယ်လိုပြောင်းလဲဆိုတာကို ပြောပြသွားတာပါ။  #learnfinnish #suomi #finland #finnish #finnishverb 

Studying the verbs - Day (4)

Image
  Studying the verbs - Day (4) အရင်နေ့က verb type 1 အကြောင်းပြောခဲ့ပါတယ်။ ဒီနေ့အသုံးများတဲ့ verb type ဖြစ်တဲ့ verb type (2) အကြောင်းပြောပြပါမယ်။ verb တွေပြောင်းလဲပုံကိုလေ့ကျင့်တဲ့အခါ Minä, sinä, hän, me, te, he အကုန်လုံးနဲ့ သုံးတတ်ရပါမယ်။ ဒါကြောင့် 6 ခုလုံးနဲ့လေ့ကျင့်ထားသင့်ပါတယ်။ Verb Type2 က -da/ -dä နဲ့ဆုံးပါတယ်။ အရင်ဆုံး indefinite stem ပြောင်းမယ်။ ပြောင်းပြီးသားကိုပဲ personal pernoun ထည့်မယ်။ Verb Type (2) ပြောင်းနည်း -verb အဆုံးမှာရှိတဲ့ -da/ -dä ကိုဖြုတ်ရပါမယ် -မိမိသုံးမယ့် personal pronoun ရဲ့ ending ထည့်ရပါမယ်။ eg, minä ဆိုရင် n ထည့်ရပါမယ်။ ဒါဆို နာလည်မယ်ထင်ပါတယ်။ Eg နဲ့ရေးကြည့်ရအောင်။ Syödä - to eat အရင်ဆုံး indefinite Stem ပြောင်းမယ် Syödä မှာအဆုံးသတ် -dä ကိုဖြုတ်တော့ syö လိုချင်တဲ့ personal endingကို အောက်ကရေးပြထားတဲ့အတိုင်း ထည့်ရုံပါပဲ။ Minä syön Sinä syöt Hän syö Me syömme Te syötte He syövät ကဲ ဒါကတော့ verb type 2 ဘယ်လိုပြောင်းလဲဆိုတာကို ပြောပြသွားတာပါ။ နောက်ရက်တွေမှာ အခြားကျန်တဲ့ verb တွေရဲ့ ပြောင်းနည်းကို ပြောပြသွားမှာမလို့ page ကို like and follow လုပ်ပေးထားပါခင်ဗ...

Studying the verbs - Day (2)

Image
  ကျနော်တို့ personal ending တွေကို လေ့လာကြရအောင်။ Eng မှာဆိုရင် Be ဆိုတဲ့ verb ကနေ am, is, are ဆိုပြီး နာမ်စားအလိုက် verb တွေကိုပြောင်းပေးရပါတယ်။ Fin မှာလည်း အလားတူပြောင်းရပါတယ်။ ပထမဆုံးအနေနဲ့ personal pronoun 6 မျိုးကို ပြောပြပါမယ်။ I - minä You - sinä He/ She/ it - hän We - me You ( plural ) - te They - he အခု Personal ending တွေကို ပြောပြပေးပါမယ်။ Olla ဆိုတာက to be ဆိုတဲ့ verb ပါ။ ပထမဆုံး olla ကနေ ole ကိုပြောင်းပါတယ်။( အသေးစိတ်ကို နောက်မှပြောပြပေးပါ့မယ်။ အခုဒီတိုင်းမှတ်ထားပေးပါ ) ole ကိုပဲ personal ending တွေထည့်သွားမှာပါ။ Minä olen ( n ) - I am Sinä olet (t) - you are Hän on - he/ she/ it is * Me olemme (mme) - we are Te olette (tte) - you are He ovät (vät) - they are personal endingတွေကို () နဲ့ရေးပေးထားပါတယ်။ hän က personal ending ပုံသေမရှိပါဘူး။ စာလေ့လာရင်းနဲ့ တဖြည်းဖြည်းနားလည်လာပါလိမ့်မယ်။ ဒီနေ့က personal ending တွေကို စမိတ်ဆက်ပေးတာပါ။ နောက်ရက်တွေမှာ verb type တစ်ခုချင်းစီ verb ending တွေဘယ်လိုပြောင်းလဲပြောပြပေးပါမယ်။ ကျနော်ဆီမှာ Augustလ A0 အခြေခံအတန်းအတွက် စာရင်းလက်ခံနေပါ...

Studying the verbs - Day (1)

Image
  ရက် (၂၀) self-study ပြီးသွားတော့ အခု Verbတွေကို (၁၀) ရက် self-study လုပ်ကြရအောင်။ ကျနော့်အနေနဲ့သင်ခန်းစာတွေကို page မှာတင်ပေးမယ်။ ကိုယ်တိုင်အားလပ်ချိန်မှာ အဆင်ပြေသလို လေ့လာနိုင်ပါတယ်။ အခြေခံ A0 လေ့လာပြီးတဲ့သူတွေကစပြီး အကုန်လေ့လာလို့ရပါတယ်။ အခုမှစလေ့လာမယ့်သူတွေအတွက်တော့ အခု verb သင်ခန်းစာတွေက အနည်းငယ်ခက်ခဲနိုင်ပါတယ်။ ကျနော်တို့ ဒီနေ့ကစပြီး ၁၀ ရက်တိတိ verb ကို conjugate ဘယ်လိုလုပ်ကြမလဲ၊ အုပ်စုတွေဘယ်လိုခွဲကြမလဲဆိုတာနဲ့ ပတ်သက်ပြီး ရှင်းပြပါမယ်။ ( conjugate လုပ်တယိဆိုတာ မူရင်းverb မှာ ဖြုတ်စရာရှိတာဖြုတ်၊ ထည့်စရာရှိတာကိုထည့်ပြီး မိမိအသုံးပြုလိုတဲ့ပုံစံအတိုင်းရအောင် ပြောင်းတာပါ) ဘာသာစကားတစ်ခုကို အကြမ်းအားဖြင့်ချုံကြည့်မယ်ဆိုင်ရင် verb နဲ့ noun ဆိုပြီး အုပ်စုကြီးနှစ်ခု တွေ့ရပါတယ်။ Fin ဘာသာစကားမှာ verb တွေရဲ့အဆုံးသတ်အပေါ်မူတည်ပြီး အကြမ်းအားဖြင့် အုပ်စု 6 စုခွဲထားပါတယ်။ ဒီနေ့မှာတော့ Finnish verb အုပ်စု 6 စု ဘယ်လိုခွဲတယ်ဆိုတာပြောပြပါမယ်။ နောက်နေ့မှာတော့ အုပ်စုတစ်စုချင်းစီ ဘယ်လိုမျိုး conjugate လုပ်လဲဆိုတာ ရှင်းပြပါ့မယ်။ အမျိုးအစားတစ်ခုချင်းစီအောက်မှာ သူ့ရဲ့အဆုံးသတ်တွေနဲ့ ဥပမာတစ်ခါချင်းစီပြ...