Studying the verbs - Day (1)

 


🌻ရက် (၂၀) self-study ပြီးသွားတော့ အခု Verbတွေကို (၁၀) ရက် self-study လုပ်ကြရအောင်။ ကျနော့်အနေနဲ့သင်ခန်းစာတွေကို page မှာတင်ပေးမယ်။ ကိုယ်တိုင်အားလပ်ချိန်မှာ အဆင်ပြေသလို လေ့လာနိုင်ပါတယ်။
🌻အခြေခံ A0 လေ့လာပြီးတဲ့သူတွေကစပြီး အကုန်လေ့လာလို့ရပါတယ်။ အခုမှစလေ့လာမယ့်သူတွေအတွက်တော့ အခု verb သင်ခန်းစာတွေက အနည်းငယ်ခက်ခဲနိုင်ပါတယ်။
🌻ကျနော်တို့ ဒီနေ့ကစပြီး ၁၀ ရက်တိတိ verb ကို conjugate ဘယ်လိုလုပ်ကြမလဲ၊ အုပ်စုတွေဘယ်လိုခွဲကြမလဲဆိုတာနဲ့ ပတ်သက်ပြီး ရှင်းပြပါမယ်။
( conjugate လုပ်တယိဆိုတာ မူရင်းverb မှာ ဖြုတ်စရာရှိတာဖြုတ်၊ ထည့်စရာရှိတာကိုထည့်ပြီး မိမိအသုံးပြုလိုတဲ့ပုံစံအတိုင်းရအောင် ပြောင်းတာပါ)
🌻ဘာသာစကားတစ်ခုကို အကြမ်းအားဖြင့်ချုံကြည့်မယ်ဆိုင်ရင် verb နဲ့ noun ဆိုပြီး အုပ်စုကြီးနှစ်ခု တွေ့ရပါတယ်။ Fin ဘာသာစကားမှာ verb တွေရဲ့အဆုံးသတ်အပေါ်မူတည်ပြီး အကြမ်းအားဖြင့် အုပ်စု 6 စုခွဲထားပါတယ်။ ဒီနေ့မှာတော့ Finnish verb အုပ်စု 6 စု ဘယ်လိုခွဲတယ်ဆိုတာပြောပြပါမယ်။ နောက်နေ့မှာတော့ အုပ်စုတစ်စုချင်းစီ ဘယ်လိုမျိုး conjugate လုပ်လဲဆိုတာ ရှင်းပြပါ့မယ်။
🌻အမျိုးအစားတစ်ခုချင်းစီအောက်မှာ သူ့ရဲ့အဆုံးသတ်တွေနဲ့ ဥပမာတစ်ခါချင်းစီပြောပေးထားပါတယ်။ မူရင်း form သိထားရင် ကိုယ်အသုံးပြုချင်တဲ့ပုံစံအတိုင်း ပြောင်းသုံးတတ်ပါလိမ့်မယ်။ ဒါကြောင့် မူရင်း form ကို သေချာမှတ်ထားပါ။
Verb Type (1)
Vowel 2 လုံး ( -aa, -ea, -eä, -ia, -iä, -oa, -ua, -yä, -ää, -öä ) ဆုံးတဲ့ verb တွေအားလုံးက verb type (1) အုပ်စုတွေပါပဲ။
Eg, puhua ( to speak ), lukea ( to read )
Verb Type (2)
ဒီအုပ်စုထဲမှာ -da/ -dä နဲ့ဆုံးတဲ့ verb တွေပါပါတယ်။
Eg, juoda ( to drink ), syödä ( to eat )
Verb Type (3)
ဒီထဲမှာ -lla/-llä, -nna/-nnä, -rra/-rrä, -sta/-stä နဲ့ ဆုံးတဲ့ verb တွေပါပါတယ်။
Eg, olla ( to be ), mennä ( to go )
Verb Type (4)
4 အုပ်စုထဲမှာတော့ -ata/-ätä, -ota/-ötä, -uta/-ytä နဲ့ဆုံးတဲ့ verbs တွေပါပါတယ်။
Eg, haluta ( to want ), herätä ( to wake up)
Verb Type (5)
ဒီအုပ်စုထဲမှာ -ita/-itä နဲ့ဆုံးတဲ့ verbs တွေပါပါတယ်။
Eg, tarvita ( to need ), merkitä ( to mark )
Verb Type (6)
နောက်ဆုံး verb type 6 အုပ်စုထဲမှာတော့ -eta/-etä နဲ့ဆုံးတဲ့ verbs တွေပါပါတယ်။
Eg, Lämmetä ( to become warm )
Verb type 6 ကတော့ အသုံးအနည်းဆုံးအုပ်စုပါ။ များသောအားဖြင့် adj ကနေပြောင်းလာတဲ့ verb တွေပါ။


Comments

Popular posts from this blog

Day -1 (Greetings)

Day (2) - Weekdays