Day -1 (Greetings)

 Day (1) - Greetings

ဒီနေ့က Day (1) ဆိုတော့ ပေါ့ပေါ့ပါးပါးနဲ့ စကြရအောင်ဗျာ။
🌻 ပထမဆုံးအနေနဲ့ alphabet A to Z အသံထွက်လေ့ကျင့်ဖို့လိုပါမယ်။ ဒါမှစကားလုံးတွေကို အသံထွက်မှန်မှာပါ။ အဲ့ဒီအတွက် ဒီ video ကိုကြည့်ပေးပါ။
Video ကို 3 ခါလောက်ကြည့်ပြီးလေ့ကျင့်စေချင်ပါတယ်။ A ကနေပြီး Ö ထိအသံထွက်ကြည့်ပါ။ ပြီးရင် alphabet တစ်ခုချင်းစီမှာ ဥပမာစာလုံး ၂ လုံးပေးထားပါတယ်။ သူ့နောက်ကလိုက် ဆိုကြည့်ပါ။ စာလုံးတွေကို မကျက်ပါနဲ့ဦး။ အသံထွက်မှန်အောင် အရင်လေ့ကျင့်ပါ။
တစ်ခုပြောပြချင်တာက Å ကအသုံးနည်းပါတယ်။ Sweden ဘာသာမှာပဲသုံးတာမို့ Swedish နဲ့ဆိုင်တဲ့နေရာ၊ လူနာမည်တွေမှာပဲ တွေ့ရပါလိမ့်မယ်။
🌻အသံထွက်ကျင့်ပြီးရင်တော့ ဒီနေ့အတွက် သင်ခန်းစာစပါမယ်။ ဒီနေ့ကတော့ Greetings ဘယ်လိုနှုတ်ဆက်ကြမလဲ လေ့လာကြမယ်။ ကျနော်က အုပ်စုလေးတွေခွဲပေးပါမယ်။ ကျက်ရတာအဆင်ပြေအောင်လို့ပါ။
ဒီ 3 လုံးကတော့ Hi/ hey ဆိုပြီး နှုတ်ဆက်တာပါ။ Terve က နည်းနည်း formal ဆန်ပါတယ်။
1. Terve
2. Hei
3. Moi
အောက်ကဒီလေးခုကတော့ အချိန်နဲ့နှုတ်ဆက်တဲ့အချိန်မှာ သုံးတာပါ။ good morning ဆိုရင် Hyvää huomenta လို့နှူတ်ဆက်ရပါတယ်။ Hyvää ဆိုတာ good ပါ။ ဒီနေရာမှာ hyvää aamu သွားမလုပ်ပါနဲ့နော်။
ငါ မနက်ကဘယ်အချိန်ထတာ၊ ဘယ်သွားတာ အဲ့လိုပြောတဲ့အချိန်မှာ aamu ကိုသုံးပါတယ်။ ဒီနေရာမှာ huomenta ကိုမသုံးပါ။
4. Huomenta / aamu - morning
5. Päivä - day / afternoon
6. ilta - evening
7. yö - night
ဒါကတော့ Bye Bye ပြောနည်းပါ။ Näkemiin က formal ဆန်ပါတယ်။ သတင်းနားထောင်ကြည့်ရင် သတင်းအဆုံးမှာ Näkemiin လို့သုံးတာ တွေ့ပါလိမ့်မယ်။
8. Hei hei
9. Moi Moi
10. Heippa
11. Moikka
12. Nähdään
13. Nähdään huomenna
14. Näkemiin
15. Joo, kyllä - Yes
16. Ei - No
အခြားသူတစ်ယောက်က kiitos ( thank you ) လို့ပြောခဲ့ရင် ei kestä သို့ ole hyvä လို့ဖြေပါ။ You’re welcome လို့ပြန်ပြောတာပါ။
17. Kiitos - thank you
18. Kiitos paljon - thank you so much
19. Ei kestä
20. Ole hyvä
အခြားသူတစ်ယောက်က anteeksi ( sorry ) လို့ပြောခဲ့ရင် ei see mitäänလို့ဖြေပါ။ it is okay လို့ပြန်ပြောတာပါ။
21. Anteeksi
22. Ei se mitään
ကိုယ့်အိမ်ကို ဧည့်သည်တစ်ယောက် ပထမဆုံးအကြိမ်လာတာမျိုး၊ ကိုယ့်ရဲ့အလုပ်မှာ လူအသစ်တစ်ယောက်ရောက်လာတာမျိုး ဒီလိုအခြေအနေမျိုးမှာ ကိုယ်ကစပြီး Tervetuloa လို့ နှူတ်ဆက်ရပါတယ်။ welcome ဆိုတဲ့အဓိပ္ပာယ်ပါ။ ( ကိုယ်က ဧည့်သည်၊ လူသစ်၊ ကျောင်းသားသစ်ဆိုရင်တော့ Tervetuloa လို့မပြောရပါဘူး )
23. Tervetuloa
လူတစ်ယောက်က Tervetuloa လို့နှုတ်ဆက်ခဲ့ရင် ကိုယ်က Kiitos, kiitos paljon ဆိုပြီး ပြန်ဖြေရပါတယ်။
အတန်းထဲမှာမဟုတ်တဲ့အတွက် အသံထွက်ပြောပြဖို့ အဆင်မပြေတာကို နားလည်ပေးပါဗျ။ အသံထွက်၊ မသိတဲ့စာလုံးရှာချင်ရင် ဒီ https://www.sanakirja.fi/ dictionary ကို recommend ပေးပါတယ်။

🌻 ဒါကတော့ dialogue ကို eng လို ဘာသာပြန်ပေးထားတာပါ။ ကိုယ်မနေ့က ဖတ်ကြည့်ထားတာနဲ့ ဘာတွေတူပြီး ဘာတွေမှားသွားလဲ ပြန်လေ့လာပါ။

**Alex**: Anteeksi, onko täällä suomen kurssi?
**Alex**: Excuse me, is there a Finnish course here?

**Olga**: Joo, on. Kuka sinä olet?
**Olga**: Yes, there is. Who are you?

**Alex**: Minä olen Alex. Entä sinä?
**Alex**: I am Alex. And you?

**Olga**: Olen Olga. Hauska tutustua!
**Olga**: I am Olga. Nice to meet you!

**Alex**: Kiitos samoin!
**Alex**: Thank you, same to you!

**Olga**: Hei, Pedro! Mitä sinulle kuuluu?
**Olga**: Hi, Pedro! How are you?

**Pedro**: Ai hei Olga! Kiitos, minulle kuuluu hyvää. Entä sinulle?
**Pedro**: Oh hi, Olga! Thank you, I'm doing well. And you?

**Olga**: Ihan hyvää, kiitos.
**Olga**: Quite well, thank you.

**Pedro**: Kuka hän on?
**Pedro**: Who is he?

**Olga**: Hän on Alex.
**Olga**: He is Alex.

**Pedro**: Hei Alex, kuinka vanha sinä olet?
**Pedro**: Hi Alex, how old are you?

**Alex**: Terve, olen 27.
**Alex**: Hi, I am 27.

**Olga**: Shh, Alex ja Pedro, opettaja tulee.
**Olga**: Shh, Alex and Pedro, the teacher is coming.

**Opettaja**: Huomenta ja tervetuloa suomen kurssille!
**Teacher**: Good morning and welcome to the Finnish course!

**Opettaja**: Minä olen opettaja.
**Teacher**: I am the teacher.

**Alex**: Mikä sinun nimi on?
**Alex**: What is your name?

**Opettaja**: Ai anteeksi, minun nimi on Päivi Koskela.
**Teacher**: Oh sorry, my name is Päivi Koskela.

**Alex**: Miten se kirjoitetaan?
**Alex**: How is it written?

**Opettaja**: Minun etunimi kirjoitetaan P - Ä - I - V - I ja sukunimi kirjoitetaan K - O - S - K - E - L - A.
**Teacher**: My first name is written P - Ä - I - V - I and my last name is written K - O - S - K - E - L - A.

Comments

Popular posts from this blog

Studying the verbs - Day (1)

Day (2) - Weekdays