Day (3) - Numbers and countries


Day (3) - Numbers and countries
ဒီနေ့က numbers, countries တွေကို အဓိကထားလေ့လာသွားပါမယ်။ (ထုံးစံအတိုင်း အရင်ရက်က စာပုဒ်သင်ခန်းစာကို ပြန်သွားဖတ်ပေးပါ)
ဖတ်ပြီးရင်တော့ ကျနော်တို့ရဲ့ဒီနေ့သင်ခန်းစာကို စကြပါစို့။ ဒီနေ့က စာများပါတယ်။ ခက်မယ်ဆိုတာ သိပေမဲ့ ရက်၂၀ နဲ့အပြီးဖြတ်ရမှာမို့လို့ပါဗျ။
🌻ပထမဆုံးအနေနဲ့ နံပါတ်တွေကိုကျက်ပါ။
🌻ပြီးရင် ၃ပုံစာပုဒ်နဲ့ သက်ဆိုင်ရာvocabulary ကိုဖတ်ပါ။ ဒီနေ့ ကျနော်သက်ဆိုင်ရာ အုပ်စုလေးတွေခွဲပေးပါမယ်။ ကျက်ရလွယ်အောင်လို့ပါ။
Brasialainen - Brazilian
Venäläinen - Russian
Etelä-Afrikkalainen - South African
Myanmarilainen - Burmese
Korealainen - Korean
Thaimaalainen - Thai
ဒါသည် လူမျိုးတွေကိုအုပ်စု စုပေးထားတာပါ။ ဒီစာလုံးတွေကို ချုံကြည့်မယ်ဆိုရင် -lainen နဲ့ဆုံးနေတာသတိထားမိပါလိမ့်မယ်။ ကိုယ်ကစာကြည့်တဲ့နေရာမှာ အဲ့လိုမျိုးတူတာတွေကို မြင်တတ်မယ်ဆိုရင် စာကျက်ရတာ သက်သာလာပါလိမ့်မယ်။
🌻ကျနော်ပုံထဲမှာ Bold လုပ်ထားတဲ့စာလုံးတွေကို တချက်သတိထားကြည့်ပါ။ စာလုံးနှစ်လုံးစီရေးထားတာ တွေ့ရပါလိမ့်မယ်။ ပထမစာလုံးက မူရင်းစာလုံး (original word) ပါ။ ဒုတိယစာလုံးက conjugate လုပ်ပြီးရလာတာပါ။
ဥပမာပြောရရင်
Brasilia,Brasiliasta - from Brazil ကိုကြည့်ပါ။
ဒီနေရာမှာ Brasilia သည် Brazil ကို Fin လိုခေါ်တဲ့နာမည်ပါ။ Braziliasta သည် conjugate လုပ်ပြီးရလာတဲ့ စာလုံးပါ။ from Brazil လို့အဓိပ္ပာယ်ရပါတယ်။ ကျန်Bold လုပ်ထားတာတွေလည်း ထိုနည်းတူလေ့လာပါ။
🌻အခု kotoisin ကိုရှင်းပြပါမယ်။ kotoisin -sta ဆိုတာသည် အတွဲပါ။ from –country ဆိုတဲ့အဓိပ္ပာယ်ပါ။ ကိုယ်က kotoisin Myanmar ဆိုရင် grammar အရမှားနေပါတယ်။ ဒါကြောင့် Minä olen kotoisin Myanmarista လို့သုံးပါ။ (ကိုယ်က ပြည်ပနိုင်ငံတစ်ခုကိုရောက်နေတဲ့အချိန်ကျမှ kotoisin Myanmarista ကိုသုံးပါ) အကယ်၍ကိုယ်က အခုလက်ရှိမြန်မာမှာနေတယ်။ ကိုယ်ကမြန်မာဆိုတာပြောချင်ရင် Minä olen Myanmarilainen လို့သုံးပါ။ (ငါကမြန်မာလူမျိုးပါလို့ အဓိပ္ပာယ်ရပါတယ်)
🌻အခုကျနော် olla - Be အုပ်စုကို ရှင်းပါမယ်။ olla သည် verb to be ပါ။ အခု olla ကို I, you, he/she, we,you(plural),they နဲ့ ဘယိလို conjugateလုပ်ကြမလဲ ပြောပြပါ့မယ်။
အရင်ဆုံးကျနော်အနေနဲ့ personal ending တွေကို ပြောပြပါ့မယ်။ Eng မှာ verb အနည်း၊ အများပြောင်းရသလိုပါပဲ Fin မှာ subject ကိုကြည့်ပြီး verb တွေကို conjugate လုပ်ရပါတယ်။ conjugate လုပ်ပြီးရင် သက်ဆိုင်ရာ endingကို ထည့်ပေးရပါတယ်။ ဒါကြောင့် personal ending လို့ခေါ်တာပါ။
Minä ရဲ့ personal ending - +n
Sinä ရဲ့ personal ending - +t
Hän မှာ personal endingပုံသေမရှိပါ (verbတွေအသေးစိတ်ရှင်းချိန်ကျရင် နားလည်လာပါလိမ့်မယ်)
Me ရဲ့ personal ending - +mme
Te ရဲ့ personal ending - +tte
He ရဲ့ personal ending - +vat
🌻Personal ending သိသွားပြီဆိုတော့ olla ကို conjugate လုပ်ကြည့်ရအောင်။ ပထမဆုံးအနေနဲ့ olla မှာ -la ကိုဖြုတ်ပါ။ ပြီးရင် -e ပေါင်းထည့်ပါ။ ole- ဖြစ်သွားပါတယ်။ ole- ကို သက်ဆိုင်ရာ personal ending ပေါင်းထည့်ပေးပါ။
Minä ole+n - Minä olen
Sinä ole+t - Sinä olet
Hän on (သူကတော့ ထူးခြားချက်မို့ ဒီတိုင်းမှတ်ပေးပါ)
Me ole+mme - Me olemme
Te ole+tte - Te olette
He ovat (သူကိုလည်း ဒီတိုင်းမှတ်ပါ)
ဒါကတော့ olla ကို personal pronouns နဲ့သူ့ရဲ့သက်ဆိုင်ရာ ending နဲ့ရေးပြတာပါ။ စာပုဒ်ဖတ်တဲ့အခါကျရင် verb တွေရဲ့ending နဲ့ sub ကိုယှဉ်ကြည့်ပါ။ Subject ကဘာဖြစ်နေလို့ ဒီending သုံးထားတာလဲ စသဖြင့်ပေါ့။
🌻အိမ်စာအနေနဲ့တော့ 4ပုံမြောက်စာနဲ့ dialogueကို ဖတ်ပေးပါ။ နောက်ဆုံးပုံမှာ သက်ဆိုင်ရာ စာလုံးတွေစုပေးထားပါတယ်။ သေချာဖတ်ကြည့်ကြပါဦးနော်။




Comments

Popular posts from this blog

Day -1 (Greetings)

Studying the verbs - Day (1)

Day (2) - Weekdays