Day (2) - Weekdays

Day (2) - Weekdays
ဒီနေ့ကတော့ pronouns၊ ရက်၊ လ တွေကိုလေ့လာသွားပါမယ်။ ( ဒီနေ့သင်ခန်းစာ စဖတ်ခင် မနေ့ကသင်ခန်းစာကို ပြန်သွားဖတ်ပါ။ ကျနော်ဘာသာပြန်ပေးထားပါတယ်။ ပြီးတော့ အိမ်စာပေးတဲ့စာပုဒ်ထဲမှာ အမှားပါနေလို့ တတိယပုံကို ကျနော်ပြန်ပြင်ထားပေးပါတယ်ဗျ)
ဖတ်ပြီးရင်တော့ ဒီနေ့သင်ခန်းစာစကြပါစို့။
1.အရင်ဆုံး vocabulary ကိုကျက်ပါ။ မှတ်ပါ။
2.စာလုံးအသံထွက်မသိရင် sanakirja dictionary မှာရှာပါ။
3.ကိုယ်ကျက်ထားတဲ့ vocabulary ရဲ့အကူအညီနဲ့ စာပုဒ်ကိုဖတ်ပါ။
4.စာပုဒ်ကို ခွဲခြမ်းစိတ်ဖြာပါ။ ဘာသာပြန်ပါ။ စာပုဒ်တစ်ခုလုံးမှာ ပါနေတဲ့ verb တွေကို ယှဉ်ကြည့်ပါ။
ဒီလိုမျိုးစာဖတ်တဲ့အလေ့အကျင့်လုပ်ထားပါ။ အခြေခံကစလို့ စာကြည့်တဲ့ အလေ့အကျင့်ကောင်းတွေ မွေးမြူထားပါ။ စာများလာချိန်မှာ ခုလိုလေ့လာဖို့အချိန်မရှိတော့တာမို့ အခုကတည်းက သေချာလေ့ကျင့်စေချင်လို့ပါ။ ကျနော်ညပိုင်းကျရင် ဘာသာပြန်ထားတာ ပြန်တင်ပေးပါမယ်။
This is for the passage.
1. **Minä menen kouluun maanantaina.**
- I go to school on Monday.
2. **Minä uin ystävän kanssa tiistaina.**
- I swim with a friend on Tuesday.
3. **Keskiviikkona minä autan äitiäni.**
- On Wednesday, I help my mother.
4. **Torstaina minä opiskelen.**
- On Thursday, I study.
5. **Perjantaina minä syön hampurilaisen.**
- On Friday, I eat a hamburger.
6. **Minä matkustan lauantaina.**
- I travel on Saturday.
7. **Ja sunnuntai on minun lempipäiväni viikossa.**
- And Sunday is my favorite day of the week.
- I go to school on Monday.
2. **Minä uin ystävän kanssa tiistaina.**
- I swim with a friend on Tuesday.
3. **Keskiviikkona minä autan äitiäni.**
- On Wednesday, I help my mother.
4. **Torstaina minä opiskelen.**
- On Thursday, I study.
5. **Perjantaina minä syön hampurilaisen.**
- On Friday, I eat a hamburger.
6. **Minä matkustan lauantaina.**
- I travel on Saturday.
7. **Ja sunnuntai on minun lempipäiväni viikossa.**
- And Sunday is my favorite day of the week.
Eng မှာ original verb တွေကို s/es (သို့) past tense ဆိုရင် d/Ed ထည့်ရုံပါပဲ။ Fin verb တွေကိုအဲ့လိုလုပ်မရပါ။ ကျနော်တို့တွေအနေနဲ့ original verb တွေကို သုံးချင်တဲ့ form ကိုပြောင်းရပါတယ်။ ပြောင်းတဲ့နေရာမှာ မူရင်းverb ထဲက ဖြုတ်သင့်တာဖြုတ်၊ ထည့်သင့်တာထည့်ပြီး သုံးရပါတယ်။ ဒါကိုပဲ conjugate လုပ်တယ်လို့ခေါ်ပါတယ်။ အခုစလေ့လာသူတွေအနေနဲ့ ဒီသဘောထားကို အရင်သိထားရင်ရပါပြီ။ ဘယ်လိုလုပ်လဲဆိုတာတော့ level တဖြည်းဖြည်းမြင့်လာတာနဲ့သိလာမှာပါ။
Verb တွေနည်းတူ noun တွေကိုလည်း မျိုးစုံပြောင်းရပါတယ်။ singular, plural ပြောင်းတာအပြင် အသုံးပြုပုံကိုမူတည်ပြီး form တွေကွဲသွားပါတယ်။ common ဖြစ်တဲ့ form တွေကတော့ partitive နဲ့ genetive ပါ။
Partitive နဲ့ genetive ကဘာလဲလို့ မေးလာခဲ့ရင် ဖြေဖို့ခက်ပါတယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့ မြန်မာစာနဲ့ Eng စာမှာ အဲ့သဘာဝမရှိတဲ့အတွက် ရှင်းပြဖို့ခက်တာပါ။ အကြမ်းဖျင်းအနေနဲ့ partitive ဆိုရင် noun သည် -a/ä နဲ့ဆုံးပြီး genetive မှာတော့ -n နဲ့ဆုံးတယ်။ ဒီလိုအရင်မှတ်ထားပေးပါ။ (အမြဲတမ်းမဟုတ်တဲ့အတွက် ပုံသေတော့မမှတ်ထားပါနဲ့ဦး)



Comments
Post a Comment