Studying the Verbs - Day (8)
ဒီနေ့ verb type (6) အကြောင်းပြောပြပါမယ်။ verb type (6) ကကျန်တဲ့ verb တွေထက်စာရင် အသုံးနည်းပါတယ်။ verb type 6 က verb တွေကို ဘာသာပြန်လိုက်ရင် to become old, to become warm ဒီလိုအဓိပ္ပာယ်ရပါတယ်။ ပြောရရင် to become adj အဲ့လိုအဓိပ္ပာယ်ရတဲ့ verb တွေပါ။ ( adj ကနေ verb ပြောင်းထားတဲ့ verb )
Verb Type 6 က -eta/-etä. နဲ့ဆုံးပါတယ်။ verb တွေကိုပြောင်းတဲ့အခါ အရင်ဆုံး indefinite stem ပြောင်းမယ်။ ပြောင်းပြီးသားကိုပဲ personal pernoun ထည့်ရပါတယ်။
Verb Type (6) ပြောင်းနည်း
- -eta/-etä အဆုံးတွေမှာ -ta/tä ကိုဖြုတ်ပါတယ်။
-ဖြုတ်ပြီးရင် -ne- ဆိုပြီး ပေါင်းထည့်ရပါတယ်။
- -ne- ရဲ့နောက်ကနေ ကိုယ်ထည့်မယ့် personal ending ကို ထည့်ရုံပါပဲ။
Vanheta - to become old
indefinite Stem ပြောင်းမယ်
Vanheta မှာ -taကိုဖြုတ်တော့ vanhe-
-ne- ထည့်မယ်ဆိုရင် vanhene
နောက်ဆုံးမှာ ကိုယ်ထည့်ချင်တဲ့ personal pronoun endingကို အောက်ကရေးပြထားတဲ့အတိုင်း ထည့်ရုံပါပဲ။
Minä vanhenen
Sinä vanhenet
Me vanhenemme
Te vanhenette
Hän vanhenee
He vanhenevat
#learnfinnish #suomi #finland #finnish
.jpg)
Comments
Post a Comment