Studying the verbs - Day (4)

 




Studying the verbs - Day (4)


အရင်နေ့က verb type 1 အကြောင်းပြောခဲ့ပါတယ်။ ဒီနေ့အသုံးများတဲ့ verb type ဖြစ်တဲ့ verb type (2) အကြောင်းပြောပြပါမယ်။ verb တွေပြောင်းလဲပုံကိုလေ့ကျင့်တဲ့အခါ Minä, sinä, hän, me, te, he အကုန်လုံးနဲ့ သုံးတတ်ရပါမယ်။ ဒါကြောင့် 6 ခုလုံးနဲ့လေ့ကျင့်ထားသင့်ပါတယ်။


Verb Type2 က -da/ -dä နဲ့ဆုံးပါတယ်။ အရင်ဆုံး indefinite stem ပြောင်းမယ်။ ပြောင်းပြီးသားကိုပဲ personal pernoun ထည့်မယ်။


Verb Type (2) ပြောင်းနည်း

-verb အဆုံးမှာရှိတဲ့ -da/ -dä ကိုဖြုတ်ရပါမယ်

-မိမိသုံးမယ့် personal pronoun ရဲ့ ending ထည့်ရပါမယ်။ eg, minä ဆိုရင် n ထည့်ရပါမယ်။ ဒါဆို နာလည်မယ်ထင်ပါတယ်။


Eg နဲ့ရေးကြည့်ရအောင်။

Syödä - to eat


အရင်ဆုံး indefinite Stem ပြောင်းမယ်

Syödä မှာအဆုံးသတ် -dä ကိုဖြုတ်တော့ syö


လိုချင်တဲ့ personal endingကို အောက်ကရေးပြထားတဲ့အတိုင်း ထည့်ရုံပါပဲ။


Minä syön

Sinä syöt

Hän syö


Me syömme

Te syötte

He syövät


ကဲ ဒါကတော့ verb type 2 ဘယ်လိုပြောင်းလဲဆိုတာကို ပြောပြသွားတာပါ။ နောက်ရက်တွေမှာ အခြားကျန်တဲ့ verb တွေရဲ့ ပြောင်းနည်းကို ပြောပြသွားမှာမလို့ page ကို like and follow လုပ်ပေးထားပါခင်ဗျ။


#learnfinnish #suomi #finland #finnish


Comments

Popular posts from this blog

Day -1 (Greetings)

Studying the verbs - Day (1)

Day (2) - Weekdays