Studying the verbs - Day (1)
ရက် (၂၀) self-study ပြီးသွားတော့ အခု Verbတွေကို (၁၀) ရက် self-study လုပ်ကြရအောင်။ ကျနော့်အနေနဲ့သင်ခန်းစာတွေကို page မှာတင်ပေးမယ်။ ကိုယ်တိုင်အားလပ်ချိန်မှာ အဆင်ပြေသလို လေ့လာနိုင်ပါတယ်။ အခြေခံ A0 လေ့လာပြီးတဲ့သူတွေကစပြီး အကုန်လေ့လာလို့ရပါတယ်။ အခုမှစလေ့လာမယ့်သူတွေအတွက်တော့ အခု verb သင်ခန်းစာတွေက အနည်းငယ်ခက်ခဲနိုင်ပါတယ်။ ကျနော်တို့ ဒီနေ့ကစပြီး ၁၀ ရက်တိတိ verb ကို conjugate ဘယ်လိုလုပ်ကြမလဲ၊ အုပ်စုတွေဘယ်လိုခွဲကြမလဲဆိုတာနဲ့ ပတ်သက်ပြီး ရှင်းပြပါမယ်။ ( conjugate လုပ်တယိဆိုတာ မူရင်းverb မှာ ဖြုတ်စရာရှိတာဖြုတ်၊ ထည့်စရာရှိတာကိုထည့်ပြီး မိမိအသုံးပြုလိုတဲ့ပုံစံအတိုင်းရအောင် ပြောင်းတာပါ) ဘာသာစကားတစ်ခုကို အကြမ်းအားဖြင့်ချုံကြည့်မယ်ဆိုင်ရင် verb နဲ့ noun ဆိုပြီး အုပ်စုကြီးနှစ်ခု တွေ့ရပါတယ်။ Fin ဘာသာစကားမှာ verb တွေရဲ့အဆုံးသတ်အပေါ်မူတည်ပြီး အကြမ်းအားဖြင့် အုပ်စု 6 စုခွဲထားပါတယ်။ ဒီနေ့မှာတော့ Finnish verb အုပ်စု 6 စု ဘယ်လိုခွဲတယ်ဆိုတာပြောပြပါမယ်။ နောက်နေ့မှာတော့ အုပ်စုတစ်စုချင်းစီ ဘယ်လိုမျိုး conjugate လုပ်လဲဆိုတာ ရှင်းပြပါ့မယ်။ အမျိုးအစားတစ်ခုချင်းစီအောက်မှာ သူ့ရဲ့အဆုံးသတ်တွေနဲ့ ဥပမာတစ်ခါချင်းစီပြ...
.jpg)
.jpg)
.jpg)
.jpg)

Comments
Post a Comment