Learn Finnish For Free

 English လိုဘာသာစကားမျိုးဟာ ရင်းနှီးပေမယ့် Finnish ဘာသာစကားဟာ မြန်မာတွေနဲ့ အလှမ်းဝေးပါတယ်။ ဒါကြောင့် Finnish language ကိုလေ့လာတဲ့အခါ အခက်အခဲတွေအများကြီးရှိနိုင်ပါတယ်။ Course တစ်မျိုးတည်းကို လေ့လာနေတာထက် ဖြစ်နိုင်သမျှများများလေ့လာထားသင့်ပါတယ်။ ဒါမှတကယ့် Finnish community ထဲရောက်သွားတဲ့အခါကျရင် ကိုယ့်အတွက် အဆင်ပြေနိုင်ပါတယ်။
ဒါကြောင့် စတင်လေ့လာနေသူတွေအတွက် အထောက်အကူဖြစ်မယ့် Free resources တွေကို sharing လုပ်ချင်ပါတယ်။
ပုံတစ်ခုချင်းစီအောက်မှာ ထည့်ပေးထားပါတယ်။ ပုံကို နှိပ်၍ ဖတ်လို့ရပါတယ်။
အခုတင်ပေးထားတာတွေအကုန်လုံးဟာ Free of Charge ပါ။ ဒါတွေတင်မကသေးပါဘူး။ နောက် ကျန်နေတဲ့ resource တွေကို နောက်ရက်တွေမှာ ထပ်တင်ပေးပါ့မယ်။ ပျော်ပျော်ရွှင်ရွှင် စာလေ့လာနိုင်ကြပါစေ။

နောက်ဆုံးတစ်ခုကတော့ Fin ဇာတ်ကားတွေအလကားကြည့်နိုင်မယ့် website တစ်ခုပါ။ Fin subtitles နဲ့ကြည့်လို့းပါတယ်။ Fin တွေကိုယ်တိုင်လည်း ဒီwebsite ကနေ ဇာတ်ကားတွေကြည့်ကြပါတယ်။ Fin ဇာတ်ကားတွေက အရမ်းတော့မကောင်းပေမဲ့ ဘာသာစကားလေ့လာနိုင်ပါတယ်။ Fin documentary တွေက အရမ်းစိတ်ဝင်စားဖို့ကောင်းပြီး အဓိပ္ပါယ်အရမ်းရှိပါတယ်။ ကျောင်းစာနဲ့ပက်သက်တဲ့ documentary တွေလည်းရှိပါတယ်။ အသေးစိတ်ကို နောက်ကျထပ်တင်ပေးပါ့မယ်။ ( တချို့ဟာတွေက Finland Location နဲ့မှကြည့်လို့ရတာတွေဖြစ်လို့ အကုန်လုံးကို access မရနိုင်ပါဘူး )
https://areena.yle.fi/tv

ဒါကတော့ သတင်းနားထောင်ဖို့ပါ။ အခုသတင်းက အလွယ် version ပါ။ Fin လိုဆိုရင် ( selko versio ) လို့ခေါ်ကြပါတယ်။ Fin နိုင်ငံသားမဟုတ်တဲ့ Fin စာလေ့လာသူတွေအတွက် လုပ်ပေးထားတာပါ။ ဒါကြောင့် Fin စာလေ့လာနေသူတွေကို အကျိုးပြုပါလိမ့်မယ်။ Matriculation Exam တွေမှာ သတင်းထဲကဟာတွေကို မေးလေ့ရှိလို့ အခုကတည်း သတင်းနေ့တိုင်းနားထောင်တဲ့ အလေ့အကျင့်လုပ်ထားသင့်ပါတယ်။
https://areena.yle.fi/1-3233686


တတိယမြောက် website ကတော့တကယ့်ရွှေပါပဲ။ Lessons, vocabulary, Grammar, Exercises, Culture အပြင် လေ့လာစရာ link တွေပါထည့်ပေးထားပါတယ်။ Exercises တွေအများကြီးထည့်ပေးပြီး Grammar နဲ့ပက်သက်ပြီးလည်း သေချာရှင်းပြထားပါတယ်။
https://venla.info/

ဒုတိယတစ်ခုကတော့ Helsinki University ရဲ့ website ပါ။ ဒီထဲမှာ situation အလိုက် dialogues နဲ့ သင်ခန်းစာတွေပါပါတယ်။ Dialogue တိုင်းအတွက် audio တွေရှိပါတယ်။ တကယ့်လက်တွေ့မှာ ပြောသလိုပါပဲ။ Beginner တွေအတွက်တော့ နားလည်ဖို့ခက်ပါလိမ့်မယ်။ ဒါပေမဲ့ dialogue တွေကြည့်ပြီး နားထောင်ကြည့်ဖို့ အကြံပေးပါတယ်။ 4-5 လလောက် လေ့လာပြီးသူတွေအတွက် ဒီ website က Dialogues တွေကို သေချာနားလည်ပြီး ပြောနိုင်ဖို့ အထောက်အကူပြုပါလိမ့်မယ်။
http://tasteoffinnish.fi/

ဒါက Aalto University ရဲ့ Finnish Free Course ပါ။ Sign in မလုပ်ပဲနဲ့ လေ့လာလိုရပေမယ့် Sign in လုပ်ထားမယ်ဆိုရင် quiz တွေဖြေလို့ရမယ်။ Feedbackတွေလည်းရပါလိမ့်မယ်။ https://openlearning.aalto.fi/course/view.php?id=59

#learnfinnish #suomi #finland #finnish

Comments

Popular posts from this blog

Day -1 (Greetings)

Studying the verbs - Day (1)

Day (2) - Weekdays