Basic Finnish Verbs for Everyday Use Part (4) Get link Facebook X Pinterest Email Other Apps - March 09, 2024 နေ့စဉ်ဘဝမှာ သုံးနိုင်မယ့် အခြေခံ Verb လေးတွေ ဆက်တင်ပေးလိုက်ပါတယ်။ #learnfinnish #suomi #finland #finnish Get link Facebook X Pinterest Email Other Apps Comments
Day -1 (Greetings) - July 02, 2024 Day (1) - Greetings ဒီနေ့က Day (1) ဆိုတော့ ပေါ့ပေါ့ပါးပါးနဲ့ စကြရအောင်ဗျာ။ ပထမဆုံးအနေနဲ့ alphabet A to Z အသံထွက်လေ့ကျင့်ဖို့လိုပါမယ်။ ဒါမှစကားလုံးတွေကို အသံထွက်မှန်မှာပါ။ အဲ့ဒီအတွက် ဒီ video ကိုကြည့်ပေးပါ။ https://youtu.be/eZCLIM66srs?si=PmFFe0Wqwz4-dz59 Video ကို 3 ခါလောက်ကြည့်ပြီးလေ့ကျင့်စေချင်ပါတယ်။ A ကနေပြီး Ö ထိအသံထွက်ကြည့်ပါ။ ပြီးရင် alphabet တစ်ခုချင်းစီမှာ ဥပမာစာလုံး ၂ လုံးပေးထားပါတယ်။ သူ့နောက်ကလိုက် ဆိုကြည့်ပါ။ စာလုံးတွေကို မကျက်ပါနဲ့ဦး။ အသံထွက်မှန်အောင် အရင်လေ့ကျင့်ပါ။ တစ်ခုပြောပြချင်တာက Å ကအသုံးနည်းပါတယ်။ Sweden ဘာသာမှာပဲသုံးတာမို့ Swedish နဲ့ဆိုင်တဲ့နေရာ၊ လူနာမည်တွေမှာပဲ တွေ့ရပါလိမ့်မယ်။ အသံထွက်ကျင့်ပြီးရင်တော့ ဒီနေ့အတွက် သင်ခန်းစာစပါမယ်။ ဒီနေ့ကတော့ Greetings ဘယ်လိုနှုတ်ဆက်ကြမလဲ လေ့လာကြမယ်။ ကျနော်က အုပ်စုလေးတွေခွဲပေးပါမယ်။ ကျက်ရတာအဆင်ပြေအောင်လို့ပါ။ ဒီ 3 လုံးကတော့ Hi/ hey ဆိုပြီး နှုတ်ဆက်တာပါ။ Terve က နည်းနည်း formal ဆန်ပါတယ်။ 1. Terve 2. Hei 3. Moi အောက်ကဒီလေးခုကတော့ အချိန်နဲ့နှုတ်ဆက်တဲ့အချိန်မှာ သုံးတာပါ။ good morning ဆိုရင် Hyvää huomenta လို့နှူတ်ဆက်ရပါတယ်။ Hyv... Read more
Studying the verbs - Day (1) - July 21, 2024 ရက် (၂၀) self-study ပြီးသွားတော့ အခု Verbတွေကို (၁၀) ရက် self-study လုပ်ကြရအောင်။ ကျနော့်အနေနဲ့သင်ခန်းစာတွေကို page မှာတင်ပေးမယ်။ ကိုယ်တိုင်အားလပ်ချိန်မှာ အဆင်ပြေသလို လေ့လာနိုင်ပါတယ်။ အခြေခံ A0 လေ့လာပြီးတဲ့သူတွေကစပြီး အကုန်လေ့လာလို့ရပါတယ်။ အခုမှစလေ့လာမယ့်သူတွေအတွက်တော့ အခု verb သင်ခန်းစာတွေက အနည်းငယ်ခက်ခဲနိုင်ပါတယ်။ ကျနော်တို့ ဒီနေ့ကစပြီး ၁၀ ရက်တိတိ verb ကို conjugate ဘယ်လိုလုပ်ကြမလဲ၊ အုပ်စုတွေဘယ်လိုခွဲကြမလဲဆိုတာနဲ့ ပတ်သက်ပြီး ရှင်းပြပါမယ်။ ( conjugate လုပ်တယိဆိုတာ မူရင်းverb မှာ ဖြုတ်စရာရှိတာဖြုတ်၊ ထည့်စရာရှိတာကိုထည့်ပြီး မိမိအသုံးပြုလိုတဲ့ပုံစံအတိုင်းရအောင် ပြောင်းတာပါ) ဘာသာစကားတစ်ခုကို အကြမ်းအားဖြင့်ချုံကြည့်မယ်ဆိုင်ရင် verb နဲ့ noun ဆိုပြီး အုပ်စုကြီးနှစ်ခု တွေ့ရပါတယ်။ Fin ဘာသာစကားမှာ verb တွေရဲ့အဆုံးသတ်အပေါ်မူတည်ပြီး အကြမ်းအားဖြင့် အုပ်စု 6 စုခွဲထားပါတယ်။ ဒီနေ့မှာတော့ Finnish verb အုပ်စု 6 စု ဘယ်လိုခွဲတယ်ဆိုတာပြောပြပါမယ်။ နောက်နေ့မှာတော့ အုပ်စုတစ်စုချင်းစီ ဘယ်လိုမျိုး conjugate လုပ်လဲဆိုတာ ရှင်းပြပါ့မယ်။ အမျိုးအစားတစ်ခုချင်းစီအောက်မှာ သူ့ရဲ့အဆုံးသတ်တွေနဲ့ ဥပမာတစ်ခါချင်းစီပြ... Read more
Day (2) - Weekdays - July 02, 2024 Day (2) - Weekdays ဒီနေ့ကတော့ pronouns၊ ရက်၊ လ တွေကိုလေ့လာသွားပါမယ်။ ( ဒီနေ့သင်ခန်းစာ စဖတ်ခင် မနေ့ကသင်ခန်းစာကို ပြန်သွားဖတ်ပါ။ ကျနော်ဘာသာပြန်ပေးထားပါတယ်။ ပြီးတော့ အိမ်စာပေးတဲ့စာပုဒ်ထဲမှာ အမှားပါနေလို့ တတိယပုံကို ကျနော်ပြန်ပြင်ထားပေးပါတယ်ဗျ) ဖတ်ပြီးရင်တော့ ဒီနေ့သင်ခန်းစာစကြပါစို့။ ပထမဆုံးအနေနဲ့ pronouns၊ ရက်၊ လ vocabulary ကိုဖတ်ပါ။ ကျက်ပါ။ ဒုတိယအနေနဲ့ကတော့ no 3 ပုံထဲကစာပုဒ်တိုလေးကို စာပုဒ်အောက်က vocabulary နဲ့ယှဉ်ပြီး ဘာသာပြန်ကြည့်ပါ။ ခွဲခြမ်းစိတ်ဖြာကြည့်ပါ။ ကျနော် verb တွေကို underline တားပေးထားပါတယ်။ စာပုဒ်တွေဖတ်တဲ့အခါ ဘယ်လိုဖတ်သင့်တယ်ဆိုတာ ကျနော်ပြောပြပါမယ်။ 1.အရင်ဆုံး vocabulary ကိုကျက်ပါ။ မှတ်ပါ။ 2.စာလုံးအသံထွက်မသိရင် sanakirja dictionary မှာရှာပါ။ 3.ကိုယ်ကျက်ထားတဲ့ vocabulary ရဲ့အကူအညီနဲ့ စာပုဒ်ကိုဖတ်ပါ။ 4.စာပုဒ်ကို ခွဲခြမ်းစိတ်ဖြာပါ။ ဘာသာပြန်ပါ။ စာပုဒ်တစ်ခုလုံးမှာ ပါနေတဲ့ verb တွေကို ယှဉ်ကြည့်ပါ။ ဒီလိုမျိုးစာဖတ်တဲ့အလေ့အကျင့်လုပ်ထားပါ။ အခြေခံကစလို့ စာကြည့်တဲ့ အလေ့အကျင့်ကောင်းတွေ မွေးမြူထားပါ။ စာများလာချိန်မှာ ခုလိုလေ့လာဖို့အချိန်မရှိတော့တာမို့ အခုကတည်းက သေချာလေ့ကျင့်စေချင်လို့ပါ။ ... Read more
Comments
Post a Comment