Easter Holiday in Finland
Hyvää pääsiäistä!
Happy Easter Holiday
Easter ဘာလို့ကျင်းပကြလဲ
Christian religion နဲ့သက်ဆိုငိတဲ့ ပိတ်ရက်ပါ။ Jesus ပြန်လည်မွေးဖွားလာတဲ့ အဓိပ္ပါယ်နဲ့ ကျင်းပကြပါတယ်။
Easter မတိုင်ခင်မှာ Fin တွေက အိမ်မှာ မြက်ပင်လေးတွေစိုက်ကြပါတယ်။ Fin လို rairuoho လို့ခေါ်ပါတယ်။ ပြန်လည်မွေးဖွားလာတဲ့ အဓိပ္ပါယ်နဲ့ စိုက်ကြတာပါ။
Mämmi ဆိုတဲ့ မုန့်လည်းစားကြပါတယ်။ rye ကနေလုပ်ထားပြီးတော့ vanilla အနှစ် (သို့) အစားအသောက် cream နဲ့စိမ်စားကြပါတယ်။
အိမ်တွေ၊ ဆိုင်တွေမှာ decoration ကြက်ပေါက်ကလေးတွေ၊ ကြက်ဥပုံစံချောကလက်လေးတွေ၊ ယုန်ကလေးတွေနဲ့ အလှဆင်ကြပါတယ်။ ကြက်ဥကိုလဲ အရောင်ခြယ်ကြပါတယ်။
ကလေးတွေကတော့ willow သစ်ပင်က သစ်ကိုင်မှာ ငှက်မွှေးလေးတွေနဲ့ အလှဆင်ကြတယ်။ အဲ့တာကို ကိုင်ပြီး ဘေးအိမ်တွေကိုသွားပြီး “မင်းအတွက်ကံကောင်းစေဖို့ဆုတောင်းပေးတယ်၊ ငါ့အတွက် လက်ဆောင်ပြန်ပေးပေးပါ” ဆိုပြီး Fin လို catch phrase လေးရွတ်ကြပါတယ်တဲ့။
*ကလေးတွေက စုန်းမလိုဝတ်ပြီး မျက်နှာမှာ ကြောင်နှုတ်ခမ်းမွှေးလို ခြယ်လေ့ရှိပါတယ်။ ဒီနေရာမှာ မကောင်းတဲ့စုန်းမမဟုတ်ပါဘူး။ ကောင်းတဲ့ လိမ္မာတဲ့ စုံးမအနေနဲ့ ဝတ်ဆင်ကြတာပါတဲ့။
Hyvää pääsiäistä kaikille.
.jpg)
.jpg)
Comments
Post a Comment