Finnish Dictionary for learning finnish

 ဒီနေ့မှာ Dictionary တစ်ခုကို ပြောပြပေးချင်ပါတယ်။ Free အနေနဲ့ စကားလုံးတော်တော်များများကို ရှာကြည့်လို့ရပါတယ်။ ဒါပေမဲ့ တချို့စကားလုံးတွေမှာ ရှာမရတာမျိုး၊ ဘေးမှာ lock ပုံစံလေးဖြစ်နေတတ်ပါတယ်။ Premium Package ဝယ်မယ်ဆိုရင်တော့ lock ဖြစ်နေတဲ့ စကားလုံးတွေပါ ရှာလို့ရသွားပါလိမ့်မယ်။


ဒီ Dictionary ရဲ့ ထူးခြားချက်ကတော့ case တွေအကုန်ရေးပေးထားတာပါ။ ကိုယ်ရှာတဲ့စာလုံးရဲ့ ဘေးမှာ စာအူပ်ပုံစံသင်္ကေတလေးတွေ့ပါလိမ့်မယ်။ အဲ့ထဲကိုဝင်ကြည့်ရင် တွေ့နိုင်ပါတယ်။ Verbs တွေအတွက် Preesens, Imperfekti, Perfekti, Pluskvamperfekti အစရှိတဲ့ tense တွေအကုန် ကြည့်လို့ရပါတယ်။


Noun တွေအတွက်လည်း cases တွေအစုံရေးပေးထားပါတယ်။ အနည်းကိန်းအတွက် case တွေအပြင် အများကိန်းအတွက် case တွေလည်းရေးပေးထားပါတယ်။


ဒါ့အပြင် example sentence တွေ၊ example phrase တွေလည်းပေးထားပါသေးတယ်။ ဒါကြောင့် Fin လေ့လာတဲ့အခါ အများကြီးအထောက်အကူဖြစ်မယ့် Dictionary ပဲဖြစ်ပါတယ်။ ဒီနေ့အတွက်တော့ ဒီလောက်ပါပဲ။


https://www.sanakirja.fi/ ( ဒါကတော့ Dictionary link ပါ။ )


#learnfinnish #suomi #finland #finnish




Comments

Popular posts from this blog

Day -1 (Greetings)

Studying the verbs - Day (1)

Day (2) - Weekdays