Finnish Personal Pronouns and Personal Endings



 ကျနော်တို့ verb တွေကို စမလေ့လာခင် personal ending တွေကို လေ့လာကြရအောင်။

Eng မှာဆိုရင် Be ဆိုတဲ့ verb ကနေ am, is, are ဆိုပြီး နာမ်စားအလိုက် verb တွေကိုပြောင်းပေးရပါတယ်။ Fin မှာလည်း အလားတူပြောင်းရပါတယ်။
ပထမဆုံးအနေနဲ့ personal pronoun 6 မျိုးကို ပြောပြပါမယ်။
I - minä
You - sinä
He/ She/ it - hän
We - me
You ( plural ) - te
They - he
အခု Personal ending တွေကို ပြောပြပေးပါမယ်။
Olla ဆိုတာက to be ဆိုတဲ့ verb ပါ။ ပထမဆုံး olla ကနေ ole ကိုပြောင်းပါတယ်။( အသေးစိတ်ကို နောက်မှပြောပြပေးပါ့မယ်။ အခုဒီတိုင်းမှတ်ထားပေးပါ ) ole ကိုပဲ personal ending တွေထည့်သွားမှာပါ။
Minä olen - I am
Sinä olet - you are
Hän on - he/ she/ it is *
Me olemme - we are
Te olette - you are
He ovät - they are *
personal endingတွေကို မျဉ်းတားပေးထားပါတယ်။ hän က personal ending မရှိပါဘူး။ မူရင်း verb အတိုင်းထားရပါတယ်။ ဒီမှာ သိပ်မမြင်သာသေးလို့ပါ။ ဒီနေရာမှာ hän နဲ့ he ကို သတိထားရပါမယ်။ သူတို့နှစ်ခုက သဘာဝတူပါတယ်။ ဒါကိုမှတ်ထားပေးပါ။
Fin စာစလေ့လာချိန်မှာ chemistry ကြည့်ရတဲ့ခံစားချက်ရနိုင်ပါတယ်။ နားမလည်နိုင်တဲ့ ချွင်းချက်တွေပါလားပေါ့။ တကယ်တော့ ဘာသာစကားကို ဘာသာစကားလိုပဲ လေ့လာလိုက်ပါ။ တဖြည်းဖြည်းသဘောပေါက်လာပါလိမ့်မယ်။
ဒီနေ့က personal ending တွေကို စမိတ်ဆက်ပေးတာပါ။ နောက်ရက်တွေမှာ verb ending တွေဘယ်လိုပြောင်းလဲပြောပြပေးပါမယ်။

Comments

Popular posts from this blog

Day -1 (Greetings)

Studying the verbs - Day (1)

Day (2) - Weekdays