Finnish Verb Type (1)
အရင်နေ့က personal pronouns နဲ့ verb types အကြောင်းပြောခဲ့ပါတယ်။ ဒီနေ့အသုံးအများဆုံး verb type ဖြစ်တဲ့ verb type (1) အကြောင်းပြောပြပါမယ်။ verb ကိုလေ့ကျင့်တဲ့အခါ Minä, sinä, hän, me, te, he သုံးမျိုးလုံးနဲ့ သုံးတတ်ရပါမယ်။
minä, sinä, me, te လေးခုက သဘာဝတူပါတယ်။
Hän, he ကသဘာဝတူပါတယ်။
ဒါကြောင့် verb တစ်ခုမှာ minä နဲ့ hän နှစ်မျိုးရေးနိုင်ရင် ကျန်တာတွေလည်း ရပါပြီ။
(-aa, -ea, -eä, -ia, -iä, -oa, -ua, -yä, -ää, -öä) စတာတွေနဲ့ ဆုံးပါတယ်။
အဆုံးသတ်ဖြစ်တဲ့ -a or -ä ကို ဖြုတ်ပါ။ ဖြုတ်ပြီးရင် ကိုယ်သုံးမယ့် အဆုံးသတ်ထည့်ပါ။ ဥပမာ minä ဆိုရင် n ထည့်ပါ။
ဥပမာစရေးပြပါ့မယ်။
Puhua - speak
Minä puhun ( puhua a ကိုဖြုတ် n ထည့် )
Sinä puhut ( puhua a ကိုဖြုတ် t ထည့် )
Me puhumme ( puhua a ကိုဖြုတ် -mme ထည့် )
Te puhutte ( puhua a ကိုဖြုတ် -tte ထည့် )
Hän puhuu ( puhua a ကိုဖြုတ် u ထည့် )
*Hän မှာတစ်ခုသတိထားစရာရှိပါတယ်။ verb type 1 မှာဆိုရင် အဆုံးသတ်ဖြုတ်ပြီး ကျန်တဲ့အဆုံးသတ် vowel ကိုပဲ ပြန်ရေးပေးရပါတယ်
puhua a ကိုဖြုတ်ပြီးသွားရင် puhu ဆိုပြီးကျန်ပါတယ် puhu မှာ uကို တစ်ကြိမ်ထပ်ထည့်လိုက်တာပါ)
He puhuvat ( puhua a ကိုဖြုတ် -vat ထည့် )
နောက်ဥပမာတစ်ခုရေးပြပါ့မယ်။
Sanoa - say
Minä sanon
Sinä sanot
Me sanomme
Te sanotte
Hän sanoo
He sanovat
.jpg)
Comments
Post a Comment