Finnish Verb Types
ဒီနေ့ Finnish Verb Types တွေအကြောင်းရှင်းပြသွားပါမယ်။ Eng မှာက Verbs အမျိုးအစားမခွဲထားပေမဲ့ Fin မှာတော့ 6 မျိုးခွဲထားပါတယ်။ Verb တွေနဲ့ အဆုံးသတ်ကိုကြည့်ပြီး အမျိုးအစားခွဲတာပါ။
အမျိုးအစားတစ်ခုချင်းစီအောက်မှာ သူ့ရဲ့အဆုံးသတ်တွေနဲ့ ဥပမာတစ်ခါချင်းစီပြောပေးထားပါတယ်။ နောက်ရက်တွေကျရင် ဒီ verb တစ်ခုချင်းစီရဲ့ အဆုံးသတ်ကို ဘယ်လိုပြောင်းသုံးကြလဲဆိုတာ ပြောပြသွားပါမယ်။ အခုကတော့ verbတွေရဲ့ မူရင်း form ( perusmuoto )တွေပါ။ မူရင်း form တွေကအရေးကြီးလို့ သေချာလေးမှတ်ထားကြပါ။
Verb Type (1)
Vowel 2 လုံး ( -aa, -ea, -eä, -ia, -iä, -oa, -ua, -yä, -ää, -öä ) ဆုံးတဲ့ verb တွေအားလုံးက verb type (1) အုပ်စုတွေပါပဲ။
Eg, puhua ( to speak )
Verb Type (2)
ဒီအုပ်စုထဲမှာ -da/ -dä နဲ့ဆုံးတဲ့ verb တွေပါပါတယ်။
Eg, juoda ( to drink )
Verb Type (3)
ဒီထဲမှာ -lla/-llä, -nna/-nnä, -rra/-rrä, -sta/-stä နဲ့ ဆုံးတဲ့ verb တွေပါပါတယ်။
Eg, olla ( to be )
Verb Type (4)
4 အုပ်စုထဲမှာတော့ -ata/-ätä, -ota/-ötä, -uta/-ytä နဲ့ဆုံးတဲ့ verbs တွေပါပါတယ်။
Eg, haluta ( to want )
Verb Type (5)
ဒီအုပ်စုထဲမှာ -ita/-itä နဲ့ဆုံးတဲ့ verbs တွေပါပါတယ်။
Eg, tarvita ( to need )
Verb Type (6)
နောက်ဆုံး verb type 6 အုပ်စုထဲမှာတော့ -eta/-etä နဲ့ဆုံးတဲ့ verbs တွေပါပါတယ်။
Eg, Lämmetä ( to become warm )
Verb type 6 ကတော့ အသုံးအနည်းဆုံးအုပ်စုပါ။ များသောအားဖြင့် adj ကနေပြောင်းလာတဲ့ verb တွေပါ။
.jpg)
Comments
Post a Comment