How to live like a Fin Get link Facebook X Pinterest Email Other Apps - March 10, 2024 https://www.facebook.com/reel/275390245592412 #suomi #finland Get link Facebook X Pinterest Email Other Apps Comments
Studying the verbs - Day (1) - July 21, 2024 ရက် (၂၀) self-study ပြီးသွားတော့ အခု Verbတွေကို (၁၀) ရက် self-study လုပ်ကြရအောင်။ ကျနော့်အနေနဲ့သင်ခန်းစာတွေကို page မှာတင်ပေးမယ်။ ကိုယ်တိုင်အားလပ်ချိန်မှာ အဆင်ပြေသလို လေ့လာနိုင်ပါတယ်။ အခြေခံ A0 လေ့လာပြီးတဲ့သူတွေကစပြီး အကုန်လေ့လာလို့ရပါတယ်။ အခုမှစလေ့လာမယ့်သူတွေအတွက်တော့ အခု verb သင်ခန်းစာတွေက အနည်းငယ်ခက်ခဲနိုင်ပါတယ်။ ကျနော်တို့ ဒီနေ့ကစပြီး ၁၀ ရက်တိတိ verb ကို conjugate ဘယ်လိုလုပ်ကြမလဲ၊ အုပ်စုတွေဘယ်လိုခွဲကြမလဲဆိုတာနဲ့ ပတ်သက်ပြီး ရှင်းပြပါမယ်။ ( conjugate လုပ်တယိဆိုတာ မူရင်းverb မှာ ဖြုတ်စရာရှိတာဖြုတ်၊ ထည့်စရာရှိတာကိုထည့်ပြီး မိမိအသုံးပြုလိုတဲ့ပုံစံအတိုင်းရအောင် ပြောင်းတာပါ) ဘာသာစကားတစ်ခုကို အကြမ်းအားဖြင့်ချုံကြည့်မယ်ဆိုင်ရင် verb နဲ့ noun ဆိုပြီး အုပ်စုကြီးနှစ်ခု တွေ့ရပါတယ်။ Fin ဘာသာစကားမှာ verb တွေရဲ့အဆုံးသတ်အပေါ်မူတည်ပြီး အကြမ်းအားဖြင့် အုပ်စု 6 စုခွဲထားပါတယ်။ ဒီနေ့မှာတော့ Finnish verb အုပ်စု 6 စု ဘယ်လိုခွဲတယ်ဆိုတာပြောပြပါမယ်။ နောက်နေ့မှာတော့ အုပ်စုတစ်စုချင်းစီ ဘယ်လိုမျိုး conjugate လုပ်လဲဆိုတာ ရှင်းပြပါ့မယ်။ အမျိုးအစားတစ်ခုချင်းစီအောက်မှာ သူ့ရဲ့အဆုံးသတ်တွေနဲ့ ဥပမာတစ်ခါချင်းစီပြ... Read more
Day -1 (Greetings) - July 02, 2024 Day (1) - Greetings ဒီနေ့က Day (1) ဆိုတော့ ပေါ့ပေါ့ပါးပါးနဲ့ စကြရအောင်ဗျာ။ ပထမဆုံးအနေနဲ့ alphabet A to Z အသံထွက်လေ့ကျင့်ဖို့လိုပါမယ်။ ဒါမှစကားလုံးတွေကို အသံထွက်မှန်မှာပါ။ အဲ့ဒီအတွက် ဒီ video ကိုကြည့်ပေးပါ။ https://youtu.be/eZCLIM66srs?si=PmFFe0Wqwz4-dz59 Video ကို 3 ခါလောက်ကြည့်ပြီးလေ့ကျင့်စေချင်ပါတယ်။ A ကနေပြီး Ö ထိအသံထွက်ကြည့်ပါ။ ပြီးရင် alphabet တစ်ခုချင်းစီမှာ ဥပမာစာလုံး ၂ လုံးပေးထားပါတယ်။ သူ့နောက်ကလိုက် ဆိုကြည့်ပါ။ စာလုံးတွေကို မကျက်ပါနဲ့ဦး။ အသံထွက်မှန်အောင် အရင်လေ့ကျင့်ပါ။ တစ်ခုပြောပြချင်တာက Å ကအသုံးနည်းပါတယ်။ Sweden ဘာသာမှာပဲသုံးတာမို့ Swedish နဲ့ဆိုင်တဲ့နေရာ၊ လူနာမည်တွေမှာပဲ တွေ့ရပါလိမ့်မယ်။ အသံထွက်ကျင့်ပြီးရင်တော့ ဒီနေ့အတွက် သင်ခန်းစာစပါမယ်။ ဒီနေ့ကတော့ Greetings ဘယ်လိုနှုတ်ဆက်ကြမလဲ လေ့လာကြမယ်။ ကျနော်က အုပ်စုလေးတွေခွဲပေးပါမယ်။ ကျက်ရတာအဆင်ပြေအောင်လို့ပါ။ ဒီ 3 လုံးကတော့ Hi/ hey ဆိုပြီး နှုတ်ဆက်တာပါ။ Terve က နည်းနည်း formal ဆန်ပါတယ်။ 1. Terve 2. Hei 3. Moi အောက်ကဒီလေးခုကတော့ အချိန်နဲ့နှုတ်ဆက်တဲ့အချိန်မှာ သုံးတာပါ။ good morning ဆိုရင် Hyvää huomenta လို့နှူတ်ဆက်ရပါတယ်။ Hyv... Read more
Day (3) - Numbers and countries - July 03, 2024 Day (3) - Numbers and countries ဒီနေ့က numbers, countries တွေကို အဓိကထားလေ့လာသွားပါမယ်။ (ထုံးစံအတိုင်း အရင်ရက်က စာပုဒ်သင်ခန်းစာကို ပြန်သွားဖတ်ပေးပါ) ဖတ်ပြီးရင်တော့ ကျနော်တို့ရဲ့ဒီနေ့သင်ခန်းစာကို စကြပါစို့။ ဒီနေ့က စာများပါတယ်။ ခက်မယ်ဆိုတာ သိပေမဲ့ ရက်၂၀ နဲ့အပြီးဖြတ်ရမှာမို့လို့ပါဗျ။ ပထမဆုံးအနေနဲ့ နံပါတ်တွေကိုကျက်ပါ။ ပြီးရင် ၃ပုံစာပုဒ်နဲ့ သက်ဆိုင်ရာvocabulary ကိုဖတ်ပါ။ ဒီနေ့ ကျနော်သက်ဆိုင်ရာ အုပ်စုလေးတွေခွဲပေးပါမယ်။ ကျက်ရလွယ်အောင်လို့ပါ။ Brasialainen - Brazilian Venäläinen - Russian Etelä-Afrikkalainen - South African Myanmarilainen - Burmese Korealainen - Korean Thaimaalainen - Thai ဒါသည် လူမျိုးတွေကိုအုပ်စု စုပေးထားတာပါ။ ဒီစာလုံးတွေကို ချုံကြည့်မယ်ဆိုရင် -lainen နဲ့ဆုံးနေတာသတိထားမိပါလိမ့်မယ်။ ကိုယ်ကစာကြည့်တဲ့နေရာမှာ အဲ့လိုမျိုးတူတာတွေကို မြင်တတ်မယ်ဆိုရင် စာကျက်ရတာ သက်သာလာပါလိမ့်မယ်။ ကျနော်ပုံထဲမှာ Bold လုပ်ထားတဲ့စာလုံးတွေကို တချက်သတိထားကြည့်ပါ။ စာလုံးနှစ်လုံးစီရေးထားတာ တွေ့ရပါလိမ့်မယ်။ ပထမစာလုံးက မူရင်းစာလုံး (original word) ပါ။ ဒုတိယစာလုံးက conjugate လုပ်ပြီးရလာတာပါ။ ဥပမာပြောရရင် Brasi... Read more
Comments
Post a Comment