Learn Finnish with Weather News


 

ဒီနေ့ကတော့ ရာသီဥတုသတင်းနားထောင်ပြီး စာလေ့လာကြပါမယ်။ သတင်းက 4:27 ကြာပြီးတော့ ရာသီဥတုသတင်းက 3:49 ကနေစပါတယ်။ ရှေ့ပိုင်းက အခြားသတင်းတွေပါ။

ဒါကတော့ သတင်းနားထောင်ဖို့ link ပါ။
Pilviä on paljon
တိမ်တွေထူထပ်နေပါတယ်။
( Pilvi - cloud )

Etelässä voi näkyä vähän aurinkoa
တောင်ဘက်ပိုင်းမှာ တခါတရံ နေကိုမြင်ရနိုင်ပါတယ်။
( etelä - south )

Etelässä on poutaa eli ei sada
တောင်ဘက်ပိုင်းမှာ မိုးကင်းတယ်။ တနည်းပြောရရင် မိုးမရွာဘူး။
( Poutaa ဆိုတာ rainless လို့ အဓိပ္ပါယ်ရပါတယ်။ ဒါပေမဲ့ အချို့နေရာတွေမှာ နေသာတဲ့ရာသီဥတုလို့ အဓိပ္ပါယ်ရပါတယ်။
Pilvipouta ဆိုတာကတော့ မိုးမတော့မရှိဘူး ဒါပေမဲ့ တိမ်ထူနေတယ်ဆိုတဲ့ အဓိပ္ပါယ်ပါ။ )

Pohjoisessa sataa vähän
မြောက်ပိုင်းမှာတော့ မိုးအနည်းငယ်ရွာနိုင်ပါတယ်။
( Pohjoinen - north )

Pientä vesisadetta eli tihkua
မိုးအနည်းငယ်ရွာနိုင်ပါတယ်။ တနည်းပြောရရင် မိုးဖြောက်ဖြောက်နိုင်ပါတယ်။

Comments

Popular posts from this blog

Day -1 (Greetings)

Studying the verbs - Day (1)

Day (2) - Weekdays