Posts

Showing posts from April, 2024

Basic Finnish Reading

Image
 Fin စအခုမှာစလေ့လာသူတွေအတွက် စာလေ့လာတဲ့အခါအဆင်ပြေအောင် ကျနော်စာလေးတွေ နည်းနည်းချင်း ရေးပေးပြီး တင်ပေးပါမယ်။ Basic Dialogue 1 ဒီနေ့တော့ ဒီ dialogue လေးဖတ်ကြည့်ရအောင်ပါ။ ( အသံထွက်တွေသိချင်ရင် google translate ကတဆင့် အသံဖွင့်ကြည့်လိုက်ပါနော်။ Dictionary သုံးချင်ရင် sanakirja.fi ကိုသုံးဖို့အကြံပေးပါတယ် ) ပထမဆုံးအနေနဲ့ အစအဆုံးဖတ်ကြည့်ကြပါမယ်။ Hei ja tervetuloa! Alex - Anteeksi, onko täällä suomen kurssi? Olga - Joo, on. Tämä on Suomi 1. Alex - Hyvä. Onko tämä paikka vapaa? Olga - On. Alex - Kiva. Hei, minä olen Alex. Kuka sinä olet? Olga - Minä olen Olga. Hauska tutustua! Alex - Kiitos samoin! ဖတ်ပြီးရင် ကျနော်စရှင်းပြပါမယ်။ Hei - Hi. tervetuloa - welcome  Hauska Tutustua - nice to meet you Anteeksi - sorry Pahoillani - sorry (formal) Joo - yes On - is Onko - is it Tämä - this tällä - here Hyvä - good Kiva - nice Hauska - fun Kiitos samoin - thank you, same to you. Minä - I  Olen - am Kuka - who Sinä - you Olet - are Suomi - Finland  Suomen kurssi - Finnish Course ဒါကတော့...

Basic Tips for studying Finnish

Image
  Fin ကို လေ့လာချင်ပြီး ဘယ်ကနေစရမှန်းမသိဖြစ်နေသူတွေအတွက် ရည်ရွယ်ပြီး ရေးလိုက်ပါတယ်။ လုံးဝအစကနေစမယ့်လူတွေအတွက် စာလေ့လာနည်း tips တွေမျှဝေလိုက်ပါတယ်။ 1 Vocabulary အရေးအကြီးဆုံးက vocabulary ပါပဲ။ အခြေခံစကားလုံးမှန်သမျှသိထားရပါတယ်။ ဥပမာ - မိသားစု၊ အရောင်၊ နံပါတ်၊ ကျောင်းနှင့် စာရေးကိရယာ၊ အလုပ်အကိုင် နဲ့ verb တွေကို သိထားရပါမယ်။ စစချင်းမှာ စာများများကျက်ရပါလိမ့်မယ်။ ကိုယ်နဲ့မရင်းနှီးတဲ့ဘာသာစကားဖြစ်တဲ့အတွက် ပိုပြီးအားစိုက်ကျက်ပါ။ စာကြောင်းတိုလေးတွေ ဖတ်ပါ။ ကိုယ်တိုင်ကြိုးစားပြီးရေးကြည့်ပါ။ အနည်းဆုံး မိမိကိုယ်တိုင် မိတ်ဆက်တတ်ပြီး မိသားစုအကြောင်းပြောနိုင်အောင် လေ့ကျင့်ပါ။ 2 Verb Vocabulary ပြီးရင် အရေးအကြီးဆုံးက verb ပါ။ Verb Type 6 မျိုးရှိတာ သိထားရမယ်။ 6 မျိုးလုံးကို အုပ်စုခွဲတတ်ရမယ်။ Grammar နည်းအရ verb တွေကို ပြောင်းတတ်ရမယ်။ ပြောချင်တာက မူလ verbကနေ ကိုယ်သုံးမယ့် Subject (I, we, you, they, he/she ) အပေါ်မူတည်ပြီး verb ကိုပြောင်းတတ်ရပါမယ်။ ( စလေ့လာသူတွေ မသိမှာစိုးလို့ အပိုရှင်းပြပါ့မယ်။ Fin မှာ verb တွေကထူးခြားပါတယ်။ Eng မှာဆိုရင် eat ကိုပဲ အနည်းဆိုရင် s ထည့်တယ်။ ကျန်တာ မပြောင်းပဲသုံးပါတယ်...

Finnish Verb Type (6)

Image
  ဒီနေ့ verb type (6) အကြောင်းပြောပြပါမယ်။ verb type (6) ကကျန်တဲ့ verb တွေထက်စာရင် အသုံးနည်းပါတယ်။ verb type 6 က verb တွေကို ဘာငါပြန်လိုက်ရင် to become old, to become warm ဒီလိုအဓိပ္ပာယ်ရပါတယ်။ ပြောရရင် to become adj အဲ့လိုအဓိပ္ပာယ်ရတဲ့ verb တွေပါ။ ( adj ကနေ verb ပြောင်းထားတဲ့ verb )  verb ကိုလေ့ကျင့်တဲ့အခါ Minä, sinä, hän, me, te, he အကုန်လုံးနဲ့ သုံးတတ်ရပါမယ်။ personal endingတွေကိုလည်း သိထားရပါမယ်။ minä ဆိုတာနဲ့ n ဆုံးတယ်ဆိုတာ ချက်ချင်းမှတ်ထားရပါမယ်။ ကျန်တာတွေလည်း ဒီလိုသိရပါမယ်။ Verb Type 6 က  -eta/-etä.  နဲ့ဆုံးပါတယ်။ verb တွေကိုပြောင်းတဲ့အခါ အရင်ဆုံး indefinite stem ပြောင်းမယ်။ ပြောင်းပြီးသားကိုပဲ personal pernoun ထည့်ရပါတယ်။ Verb Type (6) ပြောင်းနည်း -  -eta/-etä   အဆုံးတွေမှာ -ta/tä ကိုဖြုတ်ပါတယ်။ -ဖြုတ်ပြီးရင်  -ne- ဆိုပြီး ပေါင်းထည့်ရပါတယ်။  -  -ne- ရဲ့နောက်ကနေ ကိုယ်ထည့်မယ့် personal ending ကို ထည့်ရုံပါပဲ။ Vanheta - to become old  indefinite Stem ပြောင်းမယ် Vanheta  မှာ -taကိုဖြုတ်တော့ vanhe- -ne- ထည့်မယ်ဆိုရင် vanhene...

Finnish Reading Part (4)

Image
  ဒီနေ့က Finnish Reading ပါ။ ထုံးစံအတိုင်း စာပုဒ်ဖတ်ကြမယ်။ ပြီးရင် တစ်ကြောင်းချင်းစီ ဘာသာပြန်ကြမယ်။ အခုစာပုဒ်စဖတ်ကြည့်ကြစို့။ ဖတ်ကြည့်ရင်းနဲ့ ဘာပြောနေလဲဆိုတာ စိတ်ထဲကနေမှန်းကြည့်ပါ။တစ်ကြောင်းချင်း ပြန်ဖတ်တဲ့အချိန်ရင် မှန်းထားတာ မှန်လား၊ မှားလား တိုက်ကြည့်လို့ရပါတယ်။ ဒီလိုနည်းနဲ့ reading skill တက်လာပါလိမ့်မယ်။ များများဖတ်နိုင်လာတဲ့အခါ များများပြောနိုင်လာပါလိ့မ်မယ်။ အခုစာပုဒ်စဖတ်ကြည့်ကြစို့။ Mäkelän perhe Mäkelät ovat tavallinen suomalainen perhe. He asuvat Puistotiellä Helsingissä. Lauri Mäkelä on arkkitehti. Tuula Mäkelä on töissä pankissa. Kalle on 12 vuotta ja hän on koulussa. Emma on 5-vuotias. Hän on päiväkodissa. Mäkelät ovat tavallinen suomalainen perhe. The Mäkeläs are an ordinary Finnish family. *Mäkelä ဆိုတာ မျိုးရိုးနာမည်ပါ။ The Mäkeläs ဆိုတော့ Mäkelä မိသားစုတစ်ခုလုံးကိုပြောတာပါ။ *tavallinen - ordinary *perhe - family He asuvat Puistotiellä Helsingissä. They live on Puistotie in Helsinki. *asua - live tie ဆိုတာ လမ်းပါ။ မြန်မာမှာဆိုရင် ကံ့ကော်လမ်း တွဲခေါ်သလိုပေါ့။ Kankawtie...

Finnish Reading Part 4

Image
 ဒီနေ့က Finnish Reading ပါ။ ထုံးစံအတိုင်း စာပုဒ်ဖတ်ကြမယ်။ ပြီးရင် တစ်ကြောင်းချင်းစီ ဘာသာပြန်ကြမယ်။  အခုစာပုဒ်စဖတ်ကြည့်ကြစို့။ ဖတ်ကြည့်ရင်းနဲ့ ဘာပြောနေလဲဆိုတာ စိတ်ထဲကနေမှန်းကြည့်ပါ။တစ်ကြောင်းချင်း ပြန်ဖတ်တဲ့အချိန်ရင် မှန်းထားတာ မှန်လား၊ မှားလား တိုက်ကြည့်လို့ရပါတယ်။ ဒီလိုနည်းနဲ့ reading skill တက်လာပါလိမ့်မယ်။ များများဖတ်နိုင်လာတဲ့အခါ များများပြောနိုင်လာပါလိ့မ်မယ်။ အခုစာပုဒ်စဖတ်ကြည့်ကြစို့။ Alex Berger Alex on kotoisin Etelä-Afrikasta. Hän on töissä suomalaisessa yrityksessä ja hän on opiskellut suomea samalla kurssilla kuin Olga ja Pedro. ဖတ်ပြီးရင် အခုတစ်ကြောင်းချင်းစီ လေ့လာကြရအောင်။ Alex on kotoisin Etelä-Afrikasta. Alex is from South Africa. ကိုယ်က ဘယ်နိုင်ငံကလာတယ်ဆိုတာပြောချင်ရင် kotoisin ကို သုံးပါတယ်။ kotoisin + -sta  Olen kotoisin Myanmarista  ကျနော်ကတော့ မြန်မာနိုင်ငံကပါ။ Hän on töissä suomalaisessa yrityksessä ja  He works in a Finnish company and on töissä - at work/ work Yritys- company hän on opiskellut suomea samalla kurssilla kuin Olga ja Pedro. he ...

Finland's Reading Dog (Lukukoira)

Image
  Finland ရဲ့ reading dog တွေအကြောင်းပြောပြချင်ပါတယ်။ Finland မှာ ကလေးငယ်လေးတွေဟာ စာဖတ်လေ့ကျင့်တဲ့အခါ ခွေးလေးတွေနဲ့ လေ့ကျင့်ကြပါတယ်။ (နေရာတိုင်းမဟုတ်ပေမဲ့ Mikkeli နဲ့တချို့နေရာတွေမှာပါ) Fin လို lukukoira လို့ခေါ်ကြပါတယ်။ ခွေးလေးတွေကို စာဖတ်ရင် နားထောင်ဖို့ လေ့ကျင့်ပေးထားတယ်လို့ သိရပါတယ်။ ဝါသနာအနေနဲ့ စာဖတ်ချင်တဲ့ကလေးတွေက ခွေးပိုငိရှင်နဲ့ အချိန်ညှိပြီး စာကြည့်တိုက်မှာ ခွေးလေးတွေကို စာဖတ်ပြပါတယ်။ ခွေးတွေက စာဖတ်ချိန်မှာ ငြိမ်နေပြီး သေချာနားထောင်ကြပါတယ်တဲ့။ အခြားကလေးတွေနဲ့ စာအမှီလိုက်မဖတ်နိုင်လို့ stress ဖြစ်တဲ့က​လေးတွေအတွက် အရမ်းအသုံးတင်တယ်လို့ ပြောကြပါတယ်။ ခွေးလေးတွေက သေချာနားထောင်ပြီး ကလေးတွေအတွက် စာဖတ်လေ့ကျင့်တဲ့အခါ အထောက်အကူဖြစ်လို့ ပိုပြီးတွင်ကျယ်အောင် ဆောင်ရွက်နေကြပါတယ်။ Finland ရဲ့ lukukoira (reading dog) အကြောင်းကတော့ ဒီလောက်ပါပဲ။ #suomi   #finland   #finnish   #foodinfinland  

Foods to Try In Finland

Image
  ဒီနေ့ Finland ရောက်ရင် စားကြည့်သင့်တဲ့မုန့်တွေ ပြောပြပါမယ်။ Salmiakki ပုံထဲကအတိုင်း အနက်ရောင်ချိုချဉ်ပါ။ ငံတန်တန်အရသာနဲ့ ချိုချဉ်တွေထဲမှာမှ ထူးခြားတဲ့ အရသာရှိပါတယ်။ Fin တိုင်း a salmiakki မကြိုက်ကြပါဘူး။ ကြိုက်တဲ့သူတွေကလဲ တော်တော်ကြိုက်ကြပါတယ်။ ဒါကြောင့် စားကြည့်ဖို့တိုက်တွန်းပါတယ်။ Runeberg cake Johan Ludwig Runeberg က Finland ရဲ့ နိုင်ငံရေးသီချင်းကို စတင်ရေးသားခဲ့တဲ့သူပါ။ သူကချိုတာတစ်ခုခုစားချင်တယ် ပြောလို့ သူ့မိန်းမကအိမ်မှာရှိတဲ့ ingredients တွေစပ်ပြီး လုပ်လို့ ရလာတဲ့ကိတ်မုန့်ပါတဲ့။ ဒါကြောင့် သူ့မွေးနေ့မှာ အမှတ်တရအနေနဲ့ စားကြပါတယ်။ January နဲ့ February လပိုင်းမှာစားကြပါတယ်။ ကျန်တဲ့အချိန်တွေတော့ ဆိုင်တွေမှာ မရောင်းပါဘူး။ riisipiirakka ဒါကတော့ Fin တွေရဲ့အစားအစာမဟုတ်ပေမဲ့ Fin အနီးအနားက Karelia လူမျိုးတွေရဲ့အစားအစာပါ။ တိုင်းရင်းသားတွေလို့ သုံးနှုန်းလို့ရမယ်ထင်ပါတယ်။ ဒီမုန့်က ဆိုင်တိုင်းမှာ ရတယ်ဆိုပေမဲ့ ကိုယ်တိုင် (သို့) ဆိုင်ကနေ ဖုတ်ပြီးပြီးချင်းစားတာက ပိုကောင်းပါတယ်။ နည်းနည်းကြာရင် မာသွားတတ်လို့ပါ။ အပြင်ကကျွပ်ကျွပ်ကလေးနဲ့ အထဲက Fin ဆန်ပြုတ်အနှစ်ပျစ်ပျစ်ပေါ့နော်။ တချို့ကတော့ အထဲမှာ...

Finnish Reading (Part 2)

Image
  ဒီနေ့က Finnish Reading ပါ။ ထုံးစံအတိုင်း စာပုဒ်ဖတ်ကြမယ်။ ပြီးရင် တစ်ကြောင်းချင်းစီ ဘာသာပြန်ကြမယ်။ Hanna on suomalainen opiskelija. Hän opiskelee yliopistossa ja on myös toissà kaupassa. Hanna ja Pedro asuvat Puistotiellä Helsingissä. He ovat Mäkelän perheen naapurit. စာပုဒ်ဖတ်ပြီးပြီဆိုတော့ တစ်ကြောင်းချင်းစီ လေ့လာကြည့်ရအောင်။ Hanna on suomalainen opiskelija. Hanna is a Finnish student. Opiskelija - student မြန်မာကျောင်းသားဆိုရင် myanmarilainen opiskelija Hän opiskelee yliopistossa ja on myös töissä kaupassa. She studies at university and also works in a store. Opiskella - to study Yliopisto - university töissä - at work Kauppa - store Hanna ja Pedro asuvat Puistotiellä Helsingissä. Hanna and Pedro live on Puistotie in Helsinki. Puistotie - Puisto ဆိုတာ street/ road Fin မှာ tie နဲ့ kadu/ katu ဆိုပြီးလမ်းနာမည်နောက်မှာ ထည့်လေ့ရှိပါတယ်။ Tie နဲ့ kadu/ katu ဆိုပြီးဆုံးရင် လမ်းကိုပြောနေတယ်လို့ မှတ်ပါ။ ဘာကွာလဲဆိုတော့ kadu/ katu ဆိုတာ မြို့ကြီးတွေရဲ့လမ်းမကြီးတွေကိုခေါ်ပြီး tie ဆိုတာ လမ်းင...