Basic Tips for studying Finnish

 


Fin ကို လေ့လာချင်ပြီး ဘယ်ကနေစရမှန်းမသိဖြစ်နေသူတွေအတွက် ရည်ရွယ်ပြီး ရေးလိုက်ပါတယ်။ လုံးဝအစကနေစမယ့်လူတွေအတွက် စာလေ့လာနည်း tips တွေမျှဝေလိုက်ပါတယ်။

1 Vocabulary
အရေးအကြီးဆုံးက vocabulary ပါပဲ။ အခြေခံစကားလုံးမှန်သမျှသိထားရပါတယ်။ ဥပမာ - မိသားစု၊ အရောင်၊ နံပါတ်၊ ကျောင်းနှင့် စာရေးကိရယာ၊ အလုပ်အကိုင် နဲ့ verb တွေကို သိထားရပါမယ်။
စစချင်းမှာ စာများများကျက်ရပါလိမ့်မယ်။ ကိုယ်နဲ့မရင်းနှီးတဲ့ဘာသာစကားဖြစ်တဲ့အတွက် ပိုပြီးအားစိုက်ကျက်ပါ။ စာကြောင်းတိုလေးတွေ ဖတ်ပါ။ ကိုယ်တိုင်ကြိုးစားပြီးရေးကြည့်ပါ။ အနည်းဆုံး မိမိကိုယ်တိုင် မိတ်ဆက်တတ်ပြီး မိသားစုအကြောင်းပြောနိုင်အောင် လေ့ကျင့်ပါ။

2 Verb
Vocabulary ပြီးရင် အရေးအကြီးဆုံးက verb ပါ။ Verb Type 6 မျိုးရှိတာ သိထားရမယ်။ 6 မျိုးလုံးကို အုပ်စုခွဲတတ်ရမယ်။ Grammar နည်းအရ verb တွေကို ပြောင်းတတ်ရမယ်။ ပြောချင်တာက မူလ verbကနေ ကိုယ်သုံးမယ့် Subject (I, we, you, they, he/she ) အပေါ်မူတည်ပြီး verb ကိုပြောင်းတတ်ရပါမယ်။
( စလေ့လာသူတွေ မသိမှာစိုးလို့ အပိုရှင်းပြပါ့မယ်။ Fin မှာ verb တွေကထူးခြားပါတယ်။ Eng မှာဆိုရင် eat ကိုပဲ အနည်းဆိုရင် s ထည့်တယ်။ ကျန်တာ မပြောင်းပဲသုံးပါတယ်။
Fin မှာအဲ့လိုမဟုတ်ပါ။ verb တစ်ခုတွေ့ရင် verb type ဘယ်လောက်လဲစဉ်းစားရတယ်။ သိပြီဆိုရင် verb အဆုံးမှာ ဖြုတ်သင့်တာတွေဖြုတ်ပြီး ထည့်သင့်တာတွေထည့်ရပါတယ်။ ဒါကို conjugate လုပ်တယ်လို့ ခေါ်ပါတယ်။
စလေ့လာသူတွေအတွက် အရမ်းခက်နိုင်ပါတယ်။ တစ်ခါသင်ပြီးရုံနဲ့မရပါဘူး။ ကိုယ်တိုင် ထပ်ခါထပ်ခါလေ့ကျင့်ရပါလိမ့်မယ်)

3 Noun
Grammar အပိုင်းပါ။ Fin Noun တွေဟာထူးခြားပါတယ်။ Genitive, partitive ဆိုပြီး နှစ်မျိုးရှိပါတယ်။ အဲ့နှစ်ခုကို ကြိုးစားလေ့လာပါ။
စစချင်းမှာ နားမလည်ပဲဖြစ်တတ်ပါတယ်။ နားလည်စရာမလိုပါဘူး။ genitive ဆို ဘယ်လိုပြောင်းရမယ်၊ partitiveဆို ဘယ်လိုပြောင်းရမယ်ဆိုတာသိထားရင် လုံလောက်ပါပြီ။

#learnfinnish #suomi #finland #finnish

Comments

Popular posts from this blog

Day -1 (Greetings)

Studying the verbs - Day (1)

Day (2) - Weekdays