Foods to Try In Finland
Salmiakki
ပုံထဲကအတိုင်း အနက်ရောင်ချိုချဉ်ပါ။ ငံတန်တန်အရသာနဲ့ ချိုချဉ်တွေထဲမှာမှ ထူးခြားတဲ့ အရသာရှိပါတယ်။ Fin တိုင်း a salmiakki မကြိုက်ကြပါဘူး။ ကြိုက်တဲ့သူတွေကလဲ တော်တော်ကြိုက်ကြပါတယ်။ ဒါကြောင့် စားကြည့်ဖို့တိုက်တွန်းပါတယ်။
Runeberg cake
Johan Ludwig Runeberg က Finland ရဲ့ နိုင်ငံရေးသီချင်းကို စတင်ရေးသားခဲ့တဲ့သူပါ။ သူကချိုတာတစ်ခုခုစားချင်တယ် ပြောလို့ သူ့မိန်းမကအိမ်မှာရှိတဲ့ ingredients တွေစပ်ပြီး လုပ်လို့ ရလာတဲ့ကိတ်မုန့်ပါတဲ့။ ဒါကြောင့် သူ့မွေးနေ့မှာ အမှတ်တရအနေနဲ့ စားကြပါတယ်။ January နဲ့ February လပိုင်းမှာစားကြပါတယ်။ ကျန်တဲ့အချိန်တွေတော့ ဆိုင်တွေမှာ မရောင်းပါဘူး။
riisipiirakka
ဒါကတော့ Fin တွေရဲ့အစားအစာမဟုတ်ပေမဲ့ Fin အနီးအနားက Karelia လူမျိုးတွေရဲ့အစားအစာပါ။ တိုင်းရင်းသားတွေလို့ သုံးနှုန်းလို့ရမယ်ထင်ပါတယ်။ ဒီမုန့်က ဆိုင်တိုင်းမှာ ရတယ်ဆိုပေမဲ့ ကိုယ်တိုင် (သို့) ဆိုင်ကနေ ဖုတ်ပြီးပြီးချင်းစားတာက ပိုကောင်းပါတယ်။ နည်းနည်းကြာရင် မာသွားတတ်လို့ပါ။ အပြင်ကကျွပ်ကျွပ်ကလေးနဲ့ အထဲက Fin ဆန်ပြုတ်အနှစ်ပျစ်ပျစ်ပေါ့နော်။ တချို့ကတော့ အထဲမှာ အာလူးပါပါတယ်။ ဒါလေးလဲ စားကြည့်ဖို့တိုက်တွန်းပါတယ်။
.jpg)
.jpg)
.jpg)
.jpg)
Comments
Post a Comment