Finnish Verb Type (6)

 

ဒီနေ့ verb type (6) အကြောင်းပြောပြပါမယ်။ verb type (6) ကကျန်တဲ့ verb တွေထက်စာရင် အသုံးနည်းပါတယ်။ verb type 6 က verb တွေကို ဘာငါပြန်လိုက်ရင် to become old, to become warm ဒီလိုအဓိပ္ပာယ်ရပါတယ်။ ပြောရရင် to become adj အဲ့လိုအဓိပ္ပာယ်ရတဲ့ verb တွေပါ။ ( adj ကနေ verb ပြောင်းထားတဲ့ verb )

 verb ကိုလေ့ကျင့်တဲ့အခါ Minä, sinä, hän, me, te, he အကုန်လုံးနဲ့ သုံးတတ်ရပါမယ်။ personal endingတွေကိုလည်း သိထားရပါမယ်။ minä ဆိုတာနဲ့ n ဆုံးတယ်ဆိုတာ ချက်ချင်းမှတ်ထားရပါမယ်။ ကျန်တာတွေလည်း ဒီလိုသိရပါမယ်။

Verb Type 6 က  -eta/-etä.  နဲ့ဆုံးပါတယ်။ verb တွေကိုပြောင်းတဲ့အခါ အရင်ဆုံး indefinite stem ပြောင်းမယ်။ ပြောင်းပြီးသားကိုပဲ personal pernoun ထည့်ရပါတယ်။

Verb Type (6) ပြောင်းနည်း

-  -eta/-etä   အဆုံးတွေမှာ -ta/tä ကိုဖြုတ်ပါတယ်။

-ဖြုတ်ပြီးရင်  -ne- ဆိုပြီး ပေါင်းထည့်ရပါတယ်။ 

-  -ne- ရဲ့နောက်ကနေ ကိုယ်ထည့်မယ့် personal ending ကို ထည့်ရုံပါပဲ။


Vanheta - to become old 

  • indefinite Stem ပြောင်းမယ်
  • Vanheta  မှာ -taကိုဖြုတ်တော့ vanhe-
  • -ne- ထည့်မယ်ဆိုရင် vanhene 
  • နောက်ဆုံးမှာ ကိုယ်ထည့်ချင်တဲ့ personal pronoun endingကို အောက်ကရေးပြထားတဲ့အတိုင်း ထည့်ရုံပါပဲ။


Minä vanhenen

Sinä vanhenet

Me vanhenemme

Te vanhenette


Hän vanhenee

He vanhenevat

#learnfinnish #suomi #finland #finnish

Comments

Popular posts from this blog

Day -1 (Greetings)

Studying the verbs - Day (1)

Day (2) - Weekdays