Day (3) - Numbers and countries ဒီနေ့က numbers, countries တွေကို အဓိကထားလေ့လာသွားပါမယ်။ (ထုံးစံအတိုင်း အရင်ရက်က စာပုဒ်သင်ခန်းစာကို ပြန်သွားဖတ်ပေးပါ) ဖတ်ပြီးရင်တော့ ကျနော်တို့ရဲ့ဒီနေ့သင်ခန်းစာကို စကြပါစို့။ ဒီနေ့က စာများပါတယ်။ ခက်မယ်ဆိုတာ သိပေမဲ့ ရက်၂၀ နဲ့အပြီးဖြတ်ရမှာမို့လို့ပါဗျ။ ပထမဆုံးအနေနဲ့ နံပါတ်တွေကိုကျက်ပါ။ ပြီးရင် ၃ပုံစာပုဒ်နဲ့ သက်ဆိုင်ရာvocabulary ကိုဖတ်ပါ။ ဒီနေ့ ကျနော်သက်ဆိုင်ရာ အုပ်စုလေးတွေခွဲပေးပါမယ်။ ကျက်ရလွယ်အောင်လို့ပါ။ Brasialainen - Brazilian Venäläinen - Russian Etelä-Afrikkalainen - South African Myanmarilainen - Burmese Korealainen - Korean Thaimaalainen - Thai ဒါသည် လူမျိုးတွေကိုအုပ်စု စုပေးထားတာပါ။ ဒီစာလုံးတွေကို ချုံကြည့်မယ်ဆိုရင် -lainen နဲ့ဆုံးနေတာသတိထားမိပါလိမ့်မယ်။ ကိုယ်ကစာကြည့်တဲ့နေရာမှာ အဲ့လိုမျိုးတူတာတွေကို မြင်တတ်မယ်ဆိုရင် စာကျက်ရတာ သက်သာလာပါလိမ့်မယ်။ ကျနော်ပုံထဲမှာ Bold လုပ်ထားတဲ့စာလုံးတွေကို တချက်သတိထားကြည့်ပါ။ စာလုံးနှစ်လုံးစီရေးထားတာ တွေ့ရပါလိမ့်မယ်။ ပထမစာလုံးက မူရင်းစာလုံး (original word) ပါ။ ဒုတိယစာလုံးက conjugate လုပ်ပြီးရလာတာပါ။ ဥပမာပြောရရင် Brasi...
Comments
Post a Comment