Day (1) - Greetings ဒီနေ့က Day (1) ဆိုတော့ ပေါ့ပေါ့ပါးပါးနဲ့ စကြရအောင်ဗျာ။ ပထမဆုံးအနေနဲ့ alphabet A to Z အသံထွက်လေ့ကျင့်ဖို့လိုပါမယ်။ ဒါမှစကားလုံးတွေကို အသံထွက်မှန်မှာပါ။ အဲ့ဒီအတွက် ဒီ video ကိုကြည့်ပေးပါ။ https://youtu.be/eZCLIM66srs?si=PmFFe0Wqwz4-dz59 Video ကို 3 ခါလောက်ကြည့်ပြီးလေ့ကျင့်စေချင်ပါတယ်။ A ကနေပြီး Ö ထိအသံထွက်ကြည့်ပါ။ ပြီးရင် alphabet တစ်ခုချင်းစီမှာ ဥပမာစာလုံး ၂ လုံးပေးထားပါတယ်။ သူ့နောက်ကလိုက် ဆိုကြည့်ပါ။ စာလုံးတွေကို မကျက်ပါနဲ့ဦး။ အသံထွက်မှန်အောင် အရင်လေ့ကျင့်ပါ။ တစ်ခုပြောပြချင်တာက Å ကအသုံးနည်းပါတယ်။ Sweden ဘာသာမှာပဲသုံးတာမို့ Swedish နဲ့ဆိုင်တဲ့နေရာ၊ လူနာမည်တွေမှာပဲ တွေ့ရပါလိမ့်မယ်။ အသံထွက်ကျင့်ပြီးရင်တော့ ဒီနေ့အတွက် သင်ခန်းစာစပါမယ်။ ဒီနေ့ကတော့ Greetings ဘယ်လိုနှုတ်ဆက်ကြမလဲ လေ့လာကြမယ်။ ကျနော်က အုပ်စုလေးတွေခွဲပေးပါမယ်။ ကျက်ရတာအဆင်ပြေအောင်လို့ပါ။ ဒီ 3 လုံးကတော့ Hi/ hey ဆိုပြီး နှုတ်ဆက်တာပါ။ Terve က နည်းနည်း formal ဆန်ပါတယ်။ 1. Terve 2. Hei 3. Moi အောက်ကဒီလေးခုကတော့ အချိန်နဲ့နှုတ်ဆက်တဲ့အချိန်မှာ သုံးတာပါ။ good morning ဆိုရင် Hyvää huomenta လို့နှူတ်ဆက်ရပါတယ်။ Hyv...
Comments
Post a Comment