Day (20) - Final Recommendation

ဒီနေ့ကတော့ ကျနော်တို့ self-study ရက်(၂၀) ရဲ့နောက်ဆုံးရက်ပါခင်ဗျ။ ဒီနေ့အတွက် လေ့ကျင့်ခန်းတွေ၊ သင်ခန်းစာတွေမပေးတော့ပါဘူးခင်ဗျ။ self-study လေ့ကျင့်လိုသူတွေအတွက် ရှေ့လျှောက်ကို စာဘယ်လိုလေ့လာသွားလို့ရမလဲဆိုတာပြောပြပေးသွားမှာပါ။

Fin စာကို အခုမှစပြီးလေ့လာသွားမယ့်သူတွေအနေနဲ့ page မှာတင်ပေးထားတဲ့ Self-study ရက် (၂၀) စာ သင်ခန်းစာတွေကို လုပ်ပေးပါ။ အကယ်၍ ကိုယ်က self-study အားနည်းတယ်၊ အသံထွက်မသိဘူး၊ အသံမထွက်တတ်ဘူးဆိုရင် ကျနော်တို့ဖွင့်မယ့် A0 အတန်းကို
တက်ပါ။ (လက်ရှိအတန်းကတော့စနေပြီမို့ ကျောင်းသားအသစ်လက်မခံတော့ပါ။ နောက်တစ်ကြိမ်ပြန်ဖွင့်ချိန်ကျရင် တက်လို့ရပါတယ်။ ဘယ်တော့ဖွင့်မလဲဆိုတာကို ကျနော်နောက်ကျရင် ကြေငြာပေးပါ့မယ်။ )

Self-study ရက် (၂၀) စာ သင်ခန်းစာတွေကို လေ့လာပြီးသူတွေအနေနဲ့ Listening and reading လေ့ကျင့်ထားလို့ရပါတယ်။
ဒါကတော့ reading အတွက် linkပါ။ ကျနော်ရဲ့ Day 17,18,19 သင်ခန်းစာတွေဟာ ဒီကနေယူထားတာပါ။ သတင်းကိုမှ Fin စာမရသူ၊ နိုင်ငံခြားသားတွေအတွက် လုပ်ပေးထားတဲ့ အလွယ် version ပါ။ သတင်းအပြင် လေ့ကျင့်ခန်းလုပ်ဖို့ မေးခွန်းတွေပါပေးထားတာမို့လို့ reading လေ့ကျင့်ခန်းလုပ်ဖို့ အဆင်သင့်ပါပဲ။ အဖြေလည်းတိုက်လို့ရပါတယ်ခင်ဗျ။

ဒါကတော့ listening အတွက်ပါ။ ဒါလည်း သတင်းပါပဲ။ အပေါ်ကလို အလွယ် version ပါပဲခင်ဗျ။ Listening မှာတော့ လေ့ကျင့်ခန်းတွေမပေးထားပါဘူးခင်ဗျ။ ဒါကြောင့် ကိုယ်တိုင် စာတန်းထိုးဖတ်တာမျိုး၊ သူ့ရဲ့အသံထွက်နားထောင်တာမျိုးလောက်ပဲ လုပ်လို့ရပါလိမ့်မယ်။ သတင်းတစ်ခုနားထောင်ပြီး ကိုယ်ဘာနားလည်လိုက်လဲ၊ ဘာကြားလိုက်လဲ စသဖြင့် လေ့ကျင့်နိုင်ပါတယ်။

ဒါကတော့ ကျနော်အမြဲညွှန်းနေကျ dictionary ပါ။ အရမ်းကောင်းလို့ ကျနော်အမြဲညွှန်းပါတယ်။ စာလုံးအဓိပ္ပာယ်တင်မကပါဘူး example sentence တွေပါ ပါတာမို့လို့ တော်တော်အသုံးဝင်ပါတယ်။

ဒါကတော့ grammar လေ့ကျင့်လိုသူ၊ လေ့လာသူတွေအတွက် website ပါ။ ကျနော်တွေ့ဖူးသမျှထဲမှာတော့ အရိုးရှင်းဆုံး website ပါပဲ။ ဒါကြောင့် recommend ပေးပါတယ်ခင်ဗျ။

ဒီတော့ ရက်(၂၀) သင်ခန်းစာအားလုံးကို လေ့လာပြီးသူတွေအတွက် အပေါ်ကကျနော်ညွှန်းပေးထားတဲ့ website တွေကနေတဆင့် စာဆက်လက်လေ့လာလို့ရပါတယ်။ ကျနော်page မှာလည်း reading အတွက် သင်ခန်းစာတွေဆက်တင်ပေးပါ့မယ်။ level မကန့်သတ်ထားပါ။ အခြေခံရထားပြီးသူများ၊ ရက်(၂၀) သင်ခန်းစာရထားသူများ လေ့လာလို့ရပါတယ်။ ဒါကြောင့် reading အတွက် သင်ခန်းစာတွေတင်ပေးတာကို စောင့်ဖတ်ပေးကြပါခင်ဗျ။
Comments
Post a Comment