Day (4) - Negative and Questions
ဒီနေ့ ကျနော်တို့ Grammar အပိုင်းဖြစ်တဲ့ အငြင်း(negative) နဲ့ မေးခွန်း(question) အပိုင်းတွေကို သွားပါမယ်။ Grammar ပိုင်းကို အဓိကထားသွားမှာမို့လို့ ကျက်စာပိုင်းကို ကျနော်မထည့်ထားပါဘူး။
(-aa, -ea, -eä, -ia, -iä, -oa, -ua, -yä, -ää, -öä) စတာတွေနဲ့ ဆုံးပါတယ်။ (အကြမ်းအားဖြင့် သရနှစ်ခုနဲ့ဆုံးတယ်လို့ မှတ်လို့းပါတယ်)
နောက်ဆုံးအဆုံးသတ်ဖြစ်တဲ့ -a or -ä ကို ဖြုတ်ပါ။ ဖြုတ်ပြီးရင် ကိုယ်သုံးမယ့် pronoun/ subject နဲ့ဆိုင်တဲ့ personal ending ထည့်ပါ။ ဥပမာ minä ဆိုရင် n ထည့်ပါ။
ဥပမာစရေးပြပါ့မယ်။
Puhua - speak
နောက်ဆုံးအဆုံးသတ်ဖြစ်တဲ့ -a ကိုဖြုတ်ပါ။ ဖြုတ်ပြီးရင် သက်ဆိုင်ရာ personal ending ကိုထည့်ပါ။
Minä puhun ( puhua, a ကိုဖြုတ် n ထည့် )
Sinä puhut ( puhua, a ကိုဖြုတ် t ထည့် )
Me puhumme ( puhua, a ကိုဖြုတ် -mme ထည့် )
Te puhutte ( puhua, a ကိုဖြုတ် -tte ထည့် )
He puhuvat ( puhua, a ကိုဖြုတ် -vat ထည့် )
Hän puhuu ( puhua a ကိုဖြုတ် u ထည့် )
*Hän မှာတစ်ခုသတိထားစရာရှိပါတယ်။ verb type 1 မှာဆိုရင် အဆုံးသတ်ဖြုတ်ပြီး ကျန်တဲ့အဆုံးသတ် vowel ကိုပဲ ပြန်ရေးပေးရပါတယ်
puhua a ကိုဖြုတ်ပြီးသွားရင် puhu ဆိုပြီးကျန်ပါတယ် puhu မှာ uကို တစ်ကြိမ်ထပ်ထည့်လိုက်တာပါ
ဒါကကျနော် verb type 1 ကိုသင်ပေးလိုက်တာပါ။ တကယ်တော့ သင်ပေးဖို့ စောလွန်းပါသေးတယ်။ ဒါပေမဲ့ ဒီလိုသိထားရင် verb တွေရဲ့ သဘာဝကို ပိုနားလည်နိုင်တာမို့ ပြောပြထားတာပါ။
ကျနော်တို့ verb type 1 က verb တွေကို conjugate လုပ်ဖို့ဆိုရင် နောက်ဆုံးနေရာက -a/ -ä ကို ဖြုတ်ရပါတယ်။ ** အငြင်းစာလုံး en/et/ei …စတာတွေရဲ့နောက်မှာ -a/ -ä ကို ဖြုတ်ပြီးသား personal ending မထည့်ထားတဲ့ verb ကိုထားရပါတယ်။
1.Minä ဖြစ်တဲ့အတွက် အငြင်းစာလုံးသည် en ကိုသုံးရတယ်။
2.အငြင်းစာလုံးနောက်မှာ -a/ -ä ကို ဖြုတ်ပြီးသား personal ending မထည့်ထားတဲ့ verb ( တနည်းအားဖြင့် puhu-) ကိုထည့်တယ်
3.ဆိုတော့ Minä en puhu
(ကျန်တဲ့ pronoun တွေကို ထိုနည်းတူစဉ်းစားပြီး ရေးကြည့်ပါ။ ပုံထဲမှာလည်း ကျနော်ရေးပြထားပါတယ်။ puhua အပြင် အခြားverb type 1 ထဲက ဥပမာ3ခုကို ပုံထဲမှာရေးပေးထားပါတယ် စမ်းပြီးရေးကြည့်ပါ။)
kuka - who
kuinka - how
milloin - when
mikä(olla verb) - what
mitä(muut verbit) - what
miksi - why
mikämaalainen - what nationality
missä - where
mistä - from where
mihin - to where
millainen - what kind of
မေးခွန်းဆိုတဲ့အတွက် မေးချင်တဲ့မေးခွန်းနဲ့စလိုက်ပါ။
1.Kuka - Who
Who are you ကိုမေးချင်တယ်ဆိုရင်
Who ဆိုတဲ့အတွက် Kuka နဲ့စပါ။
Eng မှာ who are you မှာ are you လို့ရေးပေမဲ့ Fin မှာတော့ အတည့်ပဲရေးပါတယ်။ - sinä olet
ဒါကြောင့် မေးခွန်းသည် Kuka sinä olet? (မင်းဘယ်သူလဲ)
2.Kuinka - How
How old are you? ဒီစာကြောင်းမှာ How ရဲ့နောက်က adj လိုက်တာကို သတိထားပါ။ Fin မှာလဲ ထိုနည်းတူပါပဲ
Kuinka + adj - Kuinka vanha (How old)
are you သည် sinä olet
ဒါကြောင့်မေးခွန်းသည် Kuinka vanha sinä olet? (မင်းအသက်ဘယ်လောက်ရှိပြီလဲ)
3.Million - when
အချိန်ကိုမေးချင်ရင် million
Course ဘယ်အချိန်စမလဲ မေးချင်ရင် - Milloin kurssi on?
4.Mikä/ Mitä ကို အပေါ်မှာရှင်းပြထားပြီးသားမို့မရှင်းတော့ပါဘူး။
Mikä päivä tänään on? - ဒီနေ့ကဘာနေ့လဲ။
Mitä kieltä sinä puhut? - မင်းဘယ်ဘာသာစကားပြောလဲ
5. Miksi - Why
အကြောင်းအရင်း/ reason ကိုသိချင်ရင် Miksi
Miksi sinä et osta jäätelöä? - မင်းဘာလို ရေခဲမုန့်မဝယ်တာလဲ။
6.Minkämaalainen - What nationality
လူမျိုးကိုမေးချင်ရင် Minkämaalainen
Minkämaalainen Pedro on? - Pedro က ဘာလူမျိုးလဲ။
7.Missä - where
နေရာကိုမေးချင်ရင် - Missä
Missä te asutte? - မင်းတို့ ဘယ်မှာနေကြလဲ
8.Mistä - from where
ဘယ်နေရာကလာလဲကို မေးချင်ရင် - Mistä
Mistä sinä olet kotoisin? - ဘယ်နိုင်ငံကလဲ (ဒီနေရာမှာ နိုင်ငံ (maa) ဆိုပြီး မပါပေမဲ့ ဘယ်နိုင်ငံကလာလဲမေးနေတယ်ဆိုတာ သိပါ)
9.Mihin - to where
ဘယ်ကိုသွားမလဲမေးချင်ရင် - Mihin
Mihin tämä bussi menee? - ဒီဘတ်စ်က ဘယ်ကိုသွားတာလဲ။
10.Millainen - what kind of
ဘယ်လိုအမျိုးအစားလဲ (ကောင်းလား၊ ဆိုးလား) မေးချင်ရင် - Millainen
Millainen sanakirja on? - dictionary ကဘယ်လိုမျိုးလဲ
Eng လိုပါပဲ Fin ရဲ့ Yes/ No question တွေအားလုံးသည် verb to be (olla) နဲ့စပါတယ်။
Olen
Olet
On
Olemme
Olette
Ovat ဒီစာလုံးတွေနဲ့စပါတယ်။ ဥပမာ စာကြောင်းတစ်ကြောင်းနဲ့ ပြောပြမယ်နော်။
Sinä olet suomalainen. - မင်းက ဖင်းလူမျိုး။
1. အဲ့တော့ Yes/ No ပြောင်းမယ်ဆိုရင် verb to be ကို ရှေ့ထုတ်။
2. ဒီစာကြောင်းမှာ verb to be က olet
အဲ့တော့ olet sinä suomalainen
3. ဒီတိုင်းမပြီးသေးပါ။ Question ဖြစ်လို့ olet+ko ဆိုပြီး olet နောက်မှာ ko ထည့်ပေးရပါတယ်။
ဒီတော့ oletko sinä suomalainen? - မင်းကဖင်းလူမျိုးလား
ဒီlink ကနေတဆင့် ဝင်ဆော့လို့ရပါတယ်။ (app လည်းရှိလို့ download လုပ်ပြီး ဆော့ကြည့်ပါ)
- Write/Choose Mode ဆိုပြီး နှစ်ခုရှိလို့ ကိုယ်ကြိုက်တာ ရွေးပါ။ -
အလွယ်အခက် level ကိုလည်းရွေးလို့ရပါတယ်။
သတင်းကောင်းပါဗျ။ ဒီနေ့အတွက်အိမ်စာမရှိပါဘူးနော်။
.jpg)



Comments
Post a Comment