Posts

Best Finnish Free Grammar Website

Image
  Fin လေ့လာတဲ့အခါမှာ ပြဿနာအတက်ဆုံးကတော့ Grammar အပိုင်းပါ။ Partitive, Genitive case စဉ်းစားရတဲ့အပြင် Singular Partitive, Plural Partitive ဆိုပြီးထပ်စဉ်းစားရပြန်ပါသေးတယ်။ Partitive ပြောင်းတဲ့အခါမှာလည်း စကားလုံးရဲ့အဆုံးကိုကြည့်ပြီး ပြောင်းရပြန်ပါတယ်။ ဒါကြောင့် Grammar နဲ့ပက်သက်လာရင် အကောင်းဆုံး Website ကိုပြောပြချင်ပါတယ်။ https://uusikielemme.fi/finnish-grammar ဒီ website ထဲမှာ grammar နဲ့ပက်သက်သမျှ အကုန်ရှိပါတယ်။ case ပြောင်းတာတွေကို တစ်ခုချင်းစီရှင်းထားပါတယ်။ ပထမဆုံးအနေနဲ့ verb ပြောင်းတာတွေအရင်ကြည့်ပါ။ Minä Sinä Hän Me Te He Personal case ခြောက်ခုမှာ Minä နဲ့ hän ရရင်ရပါပြီ။ ဒါကြောင့် verb တစ်ခုချင်းစီတိုင်းကို Minä, hän နဲ့ရေးကြည့်ပါ။ present tense, imperfect အစရှိသဖြင့်ပေါ့။ တဖြည်းဖြည်း ကျွမ်းကျင်ပိုင်နိုင်ပါလိမ့်မယ်။ #learnfinnish #suomi #finland #finnish

Conan O'Brien and Finnish President

Image
  Conan O’Brien Vs Finnish President Tarja Halonen ဒီနေ့ Finland မှာ အရင်က hit ဖြစ်သွားခဲ့တဲ့ အကြောင်းအရာတစ်ခုကို ပြောပြချင်ပါတယ်။ Conan O’Brien နဲ့ Fin သမ္မတနဲ့အကြောင်းပါ။ Conan ရဲ့ show က Fin Audience အချို့က Conan ဟာ ရွေးကောက်ပွဲအတွက်ပြိုင်နေတဲ့ Tarja Halonen နဲ့ ရုပ်ဆင်တယ်လို့ ပြောပါတယ်တဲ့။ Conan က သူ့showဟာ Finland မှာ ထုတ်လွှင့်နေတာကိုသိပြီး Tarja Halonen အတွက် campaign လုပ်ပေးလိုက်ပါတယ်။ Tarja Halonen က ရွေးကောက်ပွဲမှာ 3% နဲ့အနိုင်ရသွားပါတယ်တဲ့။ Finland ရဲ့သတင်းစာတွေအထိ နာမည်ကြီးသွားပြီး Tarja သမ္မတဖြစ်သွားချိန်မှာ Conan O’Brien က Finland ကိုလာပြီး သမ္မတနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒါ့အပြင် Conan က Fin တွေနဲ့လည်း interview တွေလုပ်ခဲ့ပါတယ်။ ဒီ linkကနေတဆင့် ဝင်ကြည့်လို့ရပါတယ်။ Fin Culture အပြင် Conan O’Brien ရဲ့ဟာသတွေနဲ့ Finတွေ Conanကိုဘယ်လောက်ချစ်ကြလဲဆိုတာကို မြင်ရပါလိမ့်မယ်။ https://youtu.be/iROERfb3qcM?si=CxzdkhNeANoJzt3c #learnfinnish #suomi #finland #finnish

How to live like a Fin

  https://www.facebook.com/reel/275390245592412  #suomi #finland

Basic Finnish Verbs for Everyday Use Part (4)

Image
  နေ့စဉ်ဘဝမှာ သုံးနိုင်မယ့် အခြေခံ Verb လေးတွေ ဆက်တင်ပေးလိုက်ပါတယ်။ #learnfinnish #suomi #finland #finnish

Learn Finnish with Weather News

Image
  ဒီနေ့ကတော့ ရာသီဥတုသတင်းနားထောင်ပြီး စာလေ့လာကြပါမယ်။ သတင်းက 4:27 ကြာပြီးတော့ ရာသီဥတု သတင်းက 3:49 ကနေစပါတယ်။ ရှေ့ပိုင်းက အခြားသတင်းတွေပါ။ ဒါကတော့ သတင်းနားထောင်ဖို့ link ပါ။ https://areena.yle.fi/1-66452991 Pilviä on paljon တိမ်တွေထူထပ်နေပါတယ်။ ( Pilvi - cloud ) Etelässä voi näkyä vähän aurinkoa တောင်ဘက်ပိုင်းမှာ တခါတရံ နေကိုမြင်ရနိုင်ပါတယ်။ ( etelä - south ) Etelässä on poutaa eli ei sada တောင်ဘက်ပိုင်းမှာ မိုးကင်းတယ်။ တနည်းပြောရရင် မိုးမရွာဘူး။ ( Poutaa ဆိုတာ rainless လို့ အဓိပ္ပါယ်ရပါတယ်။ ဒါပေမဲ့ အချို့နေရာတွေမှာ နေသာတဲ့ရာသီဥတုလို့ အဓိပ္ပါယ်ရပါတယ်။ Pilvipouta ဆိုတာကတော့ မိုးမတော့မရှိဘူး ဒါပေမဲ့ တိမ်ထူနေတယ်ဆိုတဲ့ အဓိပ္ပါယ်ပါ။ ) Pohjoisessa sataa vähän မြောက်ပိုင်းမှာတော့ မိုးအနည်းငယ်ရွာနိုင်ပါတယ်။ ( Pohjoinen - north ) Pientä vesisadetta eli tihkua မိုးအနည်းငယ်ရွာနိုင်ပါတယ်။ တနည်းပြောရရင် မိုးဖြောက်ဖြောက်နိုင်ပါတယ်။ #learnfinnish #suomi This is the video version

Finnish Dictionary for learning finnish

Image
  ဒီနေ့မှာ Dictionary တစ်ခုကို ပြောပြပေးချင်ပါတယ်။ Free အနေနဲ့ စကားလုံးတော်တော်များများကို ရှာကြည့်လို့ရပါတယ်။ ဒါပေမဲ့ တချို့စကားလုံးတွေမှာ ရှာမရတာမျိုး၊ ဘေးမှာ lock ပုံစံလေးဖြစ်နေတတ်ပါတယ်။ Premium Package ဝယ်မယ်ဆိုရင်တော့ lock ဖြစ်နေတဲ့ စကားလုံးတွေပါ ရှာလို့ရသွားပါလိမ့်မယ်။ ဒီ Dictionary ရဲ့ ထူးခြားချက်ကတော့ case တွေအကုန်ရေးပေးထားတာပါ။ ကိုယ်ရှာတဲ့စာလုံးရဲ့ ဘေးမှာ စာအူပ်ပုံစံသင်္ကေတလေးတွေ့ပါလိမ့်မယ်။ အဲ့ထဲကိုဝင်ကြည့်ရင် တွေ့နိုင်ပါတယ်။ Verbs တွေအတွက် Preesens, Imperfekti, Perfekti, Pluskvamperfekti အစရှိတဲ့ tense တွေအကုန် ကြည့်လို့ရပါတယ်။ Noun တွေအတွက်လည်း cases တွေအစုံရေးပေးထားပါတယ်။ အနည်းကိန်းအတွက် case တွေအပြင် အများကိန်းအတွက် case တွေလည်းရေးပေးထားပါတယ်။ ဒါ့အပြင် example sentence တွေ၊ example phrase တွေလည်းပေးထားပါသေးတယ်။ ဒါကြောင့် Fin လေ့လာတဲ့အခါ အများကြီးအထောက်အကူဖြစ်မယ့် Dictionary ပဲဖြစ်ပါတယ်။ ဒီနေ့အတွက်တော့ ဒီလောက်ပါပဲ။ https://www.sanakirja.fi/ ( ဒါကတော့ Dictionary link ပါ။ ) #learnfinnish #suomi #finland #finnish

Basic Finnish Verbs for Everyday Use Part (3)

Image
  #learnfinnish #suomi #finland #finnish