Posts

Day (18) - Exercises2

Image
  ဒီနေ့သင်ခန်းစာကတော့ ကားဟောင်းတွေအကြောင်း ရေးထားတဲ့သတင်းဆောင်းပါးပါ။ စာဖတ်ပြီး လေ့ကျင့်ခန်းလုပ်ထားပေးပါ။ Day (16) နဲ့ (17) သင်ခန်းစာ စာပုဒ်ကို စာရှင်းထားတာ ထည့်ပေးထားပါတယ်။ ကိုယ့်ရဲ့အဖြေမှားရင် ဘာလို့မှားတယ်ဆိုတာ သိရအောင်ရှင်းပြပေးတာပါ။ ဒီနေ့သင်ခန်းစာရဲ့ ရှင်းပြချက်ကိုလည်း နောက်နေ့မှာထည့်ပေးထားပါ့မယ်။ #learnfinnish #finnish #finland

Day (17) - Exercises

Image
  Day (17) - Exercises ဒီနေ့က သတင်းစာပုဒ်ကိုဖတ်မှာပါ။ စာပုဒ်က ဘယ်ရီသီးတွေအကြောင်းရေးထားတာပါ။ ဒီနေ့က စပြီးတော့ စာကြောင်းတစ်ခုချင်းစီကို ချက်ချင်း ဘာသာမပြန်ပေးတော့ပါဘူးခင်ဗျ။ ကိုယ်တိုင်စာဖတ်တဲ့ အလေ့အကျင့်ရစေချင်လို့ပါ။ ဒါကြောင့် စာပုဒ်ဖတ်မယ်။ ဖတ်ပြီးရင် ကွက်လပ်ဖြည့်လုပ်ကြည့်ပါ။ အဖြေက စာပုဒ်ထဲမှာ တိုက်ရိုက်ပါတာမို့လို့ ကွက်လပ်ဖြည့်အတွက် ကျနော်အဖြေမတင်ပေးတော့ပါဘူး။ ဒါပေမဲ့ မေးခွန်းအတွက်တော့ အဖြေတင်ပေးပ်မယ်ခင်ဗျ။ ကဲ ကြိုးစားပြီးဖတ်ကြည့်ကြပါ။ အဆင်မပြေတာရှိရင် ပြန်ပြောပေးပါခင်ဗျ။ ကျနော်တစ်ခုပြောချင်တာက vocabulary ရဲ့အောက်ဆုံးမှာ စာလုံး၄ခုလုံးက cloudberry ဆိုပြီးဖြစ်နေပါတယ်။ ၄ မျိုးလုံးက ပုံမှာမြင်ရတဲ့ ဝါဝါ၊ လိမ္မော်ရောင်နဲ့ cloudberry ကိုခေါ်တာပါ။ ၄ ခုလုံးက ဒီဘယ်ရီကိုပြောတာါ။ အတူတူပါပဲခင်ဗျ။ #learnfinnish #finnish #finland

Day (15) - Transportation

Image
  Day (15) - Transportation ဒီနေ့အတွက် post တင်တာ နောက်ကျသွားလို့ တောင်းပန်ပါတယ်ခင်ဗျ။ ဒီနေ့က Transportation အကြောင်းပါ။ စာပုဒ်တွေဖတ်၊ စာတွေကျက်ပြီး လက်တွေ့ပြန်မသုံးဖြစ်မှာစိုးလို့ မနက်ဖြန်ကစပြီး သတင်းထဲကစာပုဒ်နဲ့ လေ့ကျင့်ခန်းလေးတွေလုပ်ဖို့ ပြင်ပေးထားပါတယ်ခင်ဗျ။ ဒါကတော့ဒီနေ့အတွက် သင်ခန်းစာပါ။ Minä menen kouluun bussilla. I go to school by bus. Kun koulupäivä loppuu, kävelen kotiin. When the school day ends, I walk home. Viikonloppuna matkustamme perheen kanssa. On the weekend, we travel with the family. Ajamme autolla rautatieasemalle. We drive to the train station. Sieltä menemme junalla lentokentälle. From there, we go by train to the airport. Lentokone vie meidät toiseen kaupunkiin. The airplane takes us to another city. Siellä otamme taksin hotelliin. There we take a taxi to the hotel. Loman aikana haluan purjehtia laivalla ja uida meressä. During the vacation, I want to sail on a ship and swim in the sea. Pidän myös pyöräilystä kaupungissa. I also like cycling in the city. Mat...

Day (14) - Time

Image
  Day (14) - Time ဒီနေ့ကတော့ နာရီ၊ အချိန်ဘယ်လိုပြောမလဲဆိုတာ သင်ပေးသွားမှာပါ။ အရင်ဆုံး Europe မှာ သန်းခေါင်အချိန်ကို 00:00 လို့ယူတယ်။ နေ့လယ် မွန့်တည့် 12 နောက်ပိုင်းကစပြီး 13,14,... 23,00 ဒီလိုအချိန် သတ်မှတ်ပါတယ်။ ဥပမာ 6 နာရီဆိုရင် မနက် 6 နာရီကိုပြောတာပါ။ 18 နာရီဆိုရင် ညနေ 6 နာရီကိုပြောတာပါ။ အကုန်လုံးသိထားလောက်မယ်ဆိုပေမဲ့ သေချာအောင် ပြန်ရှင်းတဲ့သဘောပါခင်ဗျ။ အခုကျနော်ပုံမှာပြထားတဲ့စာနဲ့ ယှဉ်ပြီးရှင်းသွားပါမယ်။ ပထမဆုံးအနေနဲ့ tasan မြန်မာမှာဆိုရင် နှစ်နာရီထိုးကွက်တိလို့ သုံးကြသလိုပါပဲ။ ကွက်ထိထိုးဆိုရင် tasan + အချိန်/နာရီ တစ်နာရီထိုးဆိုရင် tasan yksi 12 ထိုးဆိုရင် tasan kaksitoista နောက်တစ်ခုက puoli ကျနော်တို့ပြောတဲ့ နှစ်နာရီခွဲဆိုတာက 2:30 Fin တွေက နှစ်နာရီခွဲကို puoli kolme လို့သုံးပါတယ်။ တိုက်ရိုက်ဘာသာပြန်ရင်တော့ ၃ တစ်ဝကိပေါ့။ တကယ်ကတော့ နှစ်နာရီခွဲကို ပြောချင်တာပါ။ ဒီတော့ ကိုယ်က နှစ်နာရီခွဲလို့ပြောမယ်ဆိုရင် တစ်ခုပိုတိုးပြီးပြောရပါမယ်။ နှစ်နာရီခွဲကို တစ်ခုတိုးတော့ puoli kolme ငါးနာရီခွဲကို တစ်ခုတိုးတော့ puoli kuusi. ဒီလိုမှတ်ပါ။ နောက်တစ်ခုက vaille နှစ်နာရီမထိုးခင် ငါးမိနစ်အလို ဒီလိုအ...

Day (13) _ Family and Time

Image
  Day (13) - Clothes and Time 🌻 ဒီနေ့အတွက် စာပုဒ်လေးက နည်းနည်းတော့ ရှည်ပါတယ်။ စာဖတ်အားကောင်းအောင်လို့ ထည့်ပေးထားတာပါ။ ဒီနေ့အတွက် ဒီစာပုဒ်လေးကို သေချာဖတ်ပေးပါ။ အချိန်နဲ့ပတ်သက်ပြီး ပြောထားတာလေးတွေကို သေချာလေ့လာပါ။ မနက်ဖြန်ကျရင် အချိန်ကို ဘယ်လိုပြောလဲ သင်ပေးမှာမလို့ပါ။ 🌻 ကျနော်တခုကြားဖြတ် ပြောချင်တာရှိပါတယ်။ ဟိုရက်က ကျနော် listening နဲ့ပတ်သက်ပြီးမေးကြည့်တော့ vocabulary ပိုင်းအားနည်းကြတယ်လို့ ပြောတာသတိထားမိပါတယ်။ ဒါကြောင့် ကျနော်နောက်ရက်တွေမှာ သတင်းထဲကစာပုဒ်ကို လေ့ကျင့်ခန်းလေးတွေနဲ့ လုပ်ပေးထားပါတယ်။ ရည်ရွယ်ချက်ကတော့ vocabulary များများသိလာဖို့နဲ့ လက်တွေ့သုံးနိုင်စေဖို့ပါ။ ဒါကြောင့် နောက်သင်ခန်းစာတွေထဲမှာ စောင့်ကြည့်ပေးပါဦးဗျ။ 🌻 This is for the paragraph reading. Minä olen Lauri Mäkelä. Olen suomalainen mies ja isä. Minulla on vaimo ja kaksi lasta. (I am Lauri Mäkelä. I am a Finnish man and a father. I have a wife and two children.) Yleensä minä herään kello 7, kun herätyskello soi. Menen ensin suihkuun ja sitten keittiöön. Myös minun vaimo Tuula herää seitsemältä. (Usually, I wake u...

Day (12) - Body Parts

Image
  Day (12) - body parts ကျနော်မနေ့က -ssa အကြောင်းပြောပြီး -lla အကြောင်းကို ကိုယ်တိုင်စဉ်းစားချိန်ပေးလိုက်တ ဆိုတော့ ဒီနေ့အဲ့တာလေးပြန်ရှင်းပါမယ်။ - Please read it in the Day - (11) Post မနေ့က grammar အပိုင်းပြန်ကြည့်ပြီးပြီဆိုရင် ဒီနေ့အတွက် ကျနော်စုပေးထားတဲ့ vocabulary နဲ့စာပုဒ်ကို ဖတ်ကြည့်ပေးပါ။ စာပုဒ်ထဲမှာ တစ်ခုရှင်းပြချင်ပါတယ်။ pari vapaata paikkaa မှာ pari က a couple of အဓိပ္ပာယ်ပါ။ Eng မှာဆိုရင် a couple of နောက်မှာ အများလိုက်ရတယ်ပေါ့နော်။ Fin မှာတော့ singular partitive ကိုပဲသုံးထားပါတယ်။ ဒါလေးသတိထားမှတ်ပေးပါ။ Pedro haluaa ilmoittautua suomen kurssille. Pedro wants to enroll in a Finnish course. Hän menee kesäyliopiston toimistoon. He goes to the summer university office. Kurssisihteeri: Hei Course secretary: Hi Pedro: Hei. Haluaisin ilmoittautua suomen kielen kurssille, tasolle kaksi. Pedro: Hi. I would like to enroll in a Finnish language course, level two. Kurssisihteeri: Selvä. Seuraava suomi 2 -kurssi alkaa jo huomenna. Course secretary: Okay. The next Finnish 2 course star...

Day (11) - Clothes

Image
  Day (11) - Clothes 🌻 ဒီနေ့အတွက် စာပုဒ်ကျနော် မထည့်ထားပါဘူး။ စာပုဒ်အစား လေ့ကျင့်ခန်းတစ်ခုပေးပါမယ်။ အဝတ်အစားပုံလေးတွေနဲ့ သက်ဆိုင်ရာစာလုံးကို တွဲပေးရမှာပါ။ ကျနော်အနေနဲ့ ဒါကဘာ၊ ဒါကဘာဆိုပြီးပြောလိုက်လို့ရပေမယ့် ကိုယ့်ဘာသာရှာကြည့်ရင် ပိုမှတ်မိအောင်လို့ပါ။ ဒါကြောင့် ဒီလေ့ကျင့်ခန်းကို ပေးထားတာပါ။ လေ့ကျင့်ခန်းလုပ်ပြီးရင် ကျနော် Grammar နဲ့ ပတ်သက်တာရှင်းပါမယ်။ ဒီနေ့ Grammar ကနည်းနည်းများပြီးတော့ နည်းနည်းလေးခက်တယ်ပေါ့နော်။ ဒါကြောင့်သေချာလေး အာရုံစိုက်လေ့လာဖို့ အကြံပေးပါတယ်။ 🌻 -ssa/ssä နဲ့ -lla/llä တချို့ noun တွေ၊ နေရာတွေမှာ ssa/lla ဆုံးတာ သတိထားမိမယ်ထင်ပါတယ်။ နှစ်ခုလုံးက English preposition (in, at) နဲ့ အဓိပ္ပာယ်ဆင်ပါတယ်။ ဘာတွေကွာလဲကြည့်ရအောင်။ -ssa ဆိုရင် သူ့အဓိပ္ပာယ်က နေရာတစ်ခုခုရဲ့အထဲ၊ တကယ့်အတွင်းထဲမှာ။ ဥပမာ - koulussa, metsässä, kaupassa ကျောင်းထဲမှာ၊ တောထဲမှာ၊ စျေးဆိုင်မှာ စသဖြင့်ပေါ့။ -lla ကကျတော့ open space သဘောမျိုးမှာ ရောက်နေတာမျိုး။ ဥပမာ - koululla, metsällä, kaupalla ကျောင်းမှာဆိုပေမဲ့ ကျောင်းအဆောက်အအုံအထဲမှာ မဟုတ်တာမျိုး။ ကျောင်းနားလေးက ကစားကွင်း၊ ကလေးကို ကျောင်းလာပို့ရင်းနဲ့...